
ချစ်ဇနီးလေးရဲ့အလှကို ပေါ်လွင်အောင် မမောနိုင်မပန်းနိုင် ဓာတ်ပုံရှယ်ရိုက်ပေးနေတဲ့ ရွှေထူး
ပရိသတ်ကြီးရေ ရွှေရွှေဇနီးမောင်နှံလို့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ရွှေထူး ရွှေမှုံတို့ စုံတွဲလေးက ယခုချိန်မှာဆိုရင်တော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ပြန်လည်ရယူနိုင်ပြီဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး အရင်ကထက် အများကြီးကြိုးစားနေကြတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံက အသက်တွေငယ်ကြသေးပေမယ့် တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အချစ်တွေက နက်ရှိုင်းကြတာဖြစ်လို့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ကြတာဖြစ်ပါတယ်။



ရွှေထူးနဲ့ရွှေမှုံရဲ့ ဖူးစာက ဆန်းကြယ်လွန်းလှပြီး နာမည်လေးတွေတောင် လိုက်ဖက်ညီလွန်းပြီး ကာရံတူပါတယ်နော်။ရွှေထူးကလည်း ချစ်ဇနီးလေးအပေါ်ကို အကိုလိုတစ်မျိုး အဖေလိုတစ်သွယ် ဂရုစိုက်စောင့်ရှောက်သူဖြစ်လို့ ရွှေမှုံအတွက်ကတော့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။ရွှေမှုံလေးက အသက်၂၀အရွယ်ပဲ ရှိသေးပေမယ် အိမ်ထောင်ရှင်မရဲ့ တာဝန်ဝတ္တရားတွေကို ကျေပြွန်အောင် လုပ်ဆောင်တဲ့သူပါ။ဇနီးမောင်နှံနှစ်ယောက်က နှစ်ကိုယ်တူ နားလည်ဖေးမမှုတွေနဲ့ လျှောက်လှမ်းကြတာဖြစ်လို့ သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးလေးပါ။



အခုနောက်ပိုင်းမှာ ရွှေမှုံကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး ရွှေထူးကတော့ မြို့နယ်အစုံက ပရိသတ်တွေအတွက် ပျော်ရွှင်စွာ ဖျော်ဖြေနေတာပဲဖြစ်ပါတယ်။ရွှေထူးနဲ့ရွှေမှုံတို့ရဲ့ သင်္ကြန်လှုပ်ရှားမှုတွေကတော့ နှစ်ယောက်သားက အလုပ်တွေကို နားလိုက်ကာ အပီအပြင် အပန်းဖြေနေတာပဲဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်ရဲ့ သင်္ကြန်ခရီးလေးကတော့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ကြပြီး ဂျပန်ရဲ့ နေရာအစုံကို လျှောက်လည်ကြကာ ချစ်ခင်ပွန်းက ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးနေတဲ့ ရွှေမှုံရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။


Source:Shwe Hmone Yati