
Anniversary အတွက် ရွှေမှုံရတီကို အကန့်အသတ်နဲ့ထုတ်ထားတဲ့ အမိုက်စားအိတ်တစ်လုံး လက်ဆောင်ပေးခဲ့တဲ့ ရွှေထူး
အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ အနာဂတ်ခရီးကို လျှောက်လှမ်းနေကြတာပါ။ တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်လွန်းတဲ့သူတို့နှစ်ဦးရဲ့ ကြည်နူးဖွယ် အပြုအမူလေးတွေကြောင့်လည်း ရွှေနှစ်ရွှေမောင်နှံရဲ့အကြောင်းက ပရိသတ်တွေရဲ့ကြားမှာ တော်တော်လေးကို ရေပန်းစားနေတာပါ။ လတ်တလောမှာတော့ ရွှေမှုံလေးက ခင်ပွန်းသည်ရဲ့Anniversary လက်ဆောင်လေးကြောင့် ပျော်ရွှင်ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဇနီးချောလေးအတွက် Limited အိတ်လေးကို ဝယ်ပေးခဲ့တဲ့ ရွှေထူးကတော့ တော်တော်လေးကို ချစ်တတ်လွန်းသူပါပဲနော်။

ချစ်ပရိသတ်တွေအတွက် Anniversary အတွက် ရွှေမှုံရတီကို အကန့်အသတ်နဲ့ထုတ်ထားတဲ့ အမိုက်စားအိတ်တစ်လုံး လက်ဆောင်ပေးခဲ့တဲ့ ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေမှုံလေးကတော့ “ဒီအိတ်လေးကိုလို ချင်နေတာ ၂ လလောက်ရှိပြီ ❤️🎁🎁 ဝယ်မယ်ဝယ်မယ်နဲ့ မဝယ်ဖြစ်ဘူး very limited ကို သူဘယ်လို မှာပေးလဲမသိ but finally he give me anni present 🎁 မိန်းလိုချင်တာလေးကို surprise လုပ်ပေးလို့ ကျေးဇူးပါ ယောကျာ်းရယ် အရမ်းချစ်တယ်နော်❤️❤️❤️🎁” ဆိုပြီး Anniversary နေ့လေးမှာ ထင်မှတ်မထားတဲ့ လက်ဆောင်လေးရခဲ့တဲ့အကြောင်း ရေးသားထားတာပါ။

မိန်းမဖြစ်သူရဲ့အကြိုက်ကို ကြိုသိနေတဲ့ ရွှေထူးကတော့ တကယ့်ကို စံပြယောက်ျားကောင်းပါပဲနော်။

တစ်နေ့တစ်ခြား ပိုပိုပြီး လှလာတဲ့ ရွှေမှုံလေး…

ရွှေထူးနဲ့ ရွှေမှုံရတီလေးတို့ နှစ်ဦးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က ချစ်သူနဲ့ လက်ထပ်လက်မှတ်ထိုးခဲ့ပြီး နိုဝင်ဘာလ ၁၁ရက်နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။အနုပညာမှာ ပါရမီပါပြီး ထူးချွန်တဲ့ရွှေနှစ်ရွှေကတော့ မတူညီတဲ့ နယ်ပယ်တွေမှာ ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အိမ်ထောင်ပြုပြီးမှ တစ်နေ့တစ်ခြား ပိုပိုပြီးချစ်လာကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် share သွားကြဖို့မမေ့ပါနဲ့နော်။
Source: Shwe Mhone Yati’s Facebook