အမျိုးသားတွေနဲ့ပဲ ရိုက်ကူးရေး လုပ်နေရတာကြောင့် Suzy က သူ့မိန်းမအနေနဲ့ သရုပ်ဆော င်ရင်ေ တာင် တွေ့ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့ Ha Jung Woo

အမျိုးသားတွေနဲ့ပဲ ရိုက်ကူးရေး လုပ်နေရတာကြောင့် Suzy က သူ့မိန်းမအနေနဲ့ သရုပ်ဆော င်ရင်ေ တာင် တွေ့ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့ Ha Jung Woo

Along With the Gods စီးရီးတွေရဲ့အဓိကမင်းသားကို အားလုံးပဲသိကြမှာပါ။ မင်းသား Ha Jung Woo ဟာဆိုရင် လက်ရှိအချိန်မှာ နာမည်ကြီးမင်းသားတွေ ပါဝင်ရိုက်ကူးထားပြီး ငွေကုန်ကြေးကျများစွာနဲ့ပြုလုပ်ထားတဲ့ ဇာတ်ကားဖြစ်တဲ့ ‘Take Point’ မှာပါဝင်ရိုက်ကူးထားခဲ့ပါတယ်။ အဆိုပါဇာတ်ကားကို ဒီဇင်ဘာ၂၆ရက်နေ့မှာ ရုပ်ရှင်ရုံတွေမှာအကြိုပြသခဲ့ပြီး မင်းသားဖြစ်သူ Ha Jung Woo နဲ့လည်း သီးသန့်အင်တာဗျုးပြုလုပ်ခဲ့ပါတယ်။ ၂၀၁၉မှာရိုက်ကူးမယ့်ဇာတ်လမ်းတွဲတွေအကြောင်းကိုလဲပြောခဲ့ပြီး တခြားဘာတွေပြောခဲ့သလဲဆိုတာကတော့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

အဆိုပါအင်တာဗျုးမှာ မင်းသားဖြစ်သူကို အချစ်၊ဖန်စီပုံစံလေး ရိုက်ကူးရေးမလုပ်ချင်ဘူးလား လို့မေးတော့ သူ့ရဲ့အဖြေက ရိုက်ကူးရေးအဖွဲ့သားတွေကို ပွဲကျသွားစေခဲ့ပါတယ်။ ဖြေခဲ့တာက “အချစ် ရိုမန့် ဇာတ်လမ်းထုတ်လုပ်ရေးမျိုးကို ကျွန်တော် အမှန်အကန် စိတ်ဝင်စားပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ရိုက်ထားတဲ့နောက်ဆုံး ဇာတ်ကားတွေ၊ ဒါမှမဟုတ် ကျွန်တော်ရွေးချယ်ထားတဲ့ ရိုက်ကူးရေးတွေဟာ ဘာကြောင့်များ အမှားကြီတွေဖြစ်နေလဲဆိုတာ စဉ်းစားလို့တောင် မရတော့ဘူး။” လို့ အရွှန်းဖောက်ခဲ့ပါတယ်။ အမျိုးသားတွေနဲ့ပဲ ကျွန်တော် non-stop ရိုက်နေရတယ်။ သိပ်မကြာခင်ပဲ ‘Baekdu Mountain’ ကို ကျွန်တော်ရိုက်ကူးရေးအတွက်သွားရတော့မယ်။ Suzy က ကျွန်တော့်မိန်းမအနေနဲ့ ဇာတ်ကောင်ပါလာခဲ့ရင်တောင်မှလေ ကျွန်တော် သူနဲ့ ဇာတ်ကားထဲမှာတွေ့ရမှာမဟုတ်ဘူး။

အစ ကနေ အဆုံးအထိ ကျွန်တော် Lee Byung Hun အကိုနဲ့ပဲရိုက်ကူးရေးလုပ်ရမှာ။” လို့ ဆိုလာပါတယ်။ နာမည်ကြီးမင်းသားတွေနဲ့ တွဲပြီး ရိုက်ကူးရေးလုပ်ရတာလည်းတစ်ကြောင်း ရိုမန့်မပါတာကလည်း တစ်ကြောင်းဖြစ်တဲ့အတွက် သူ့ရဲ့ယူကြုံးမရဖြစ်နေမှုဟာ တကယ့်ကို ရီစရာပါပဲ။ မတူတဲ့ ရိုက်ကွင်းတွေက နေရာတွေလည်း တကွဲတပြားစီရိုက်ရမှာ။ ဇာတ်ကားထဲမှာက ဆိုးလ်မြို့မှာကျန်ခဲ့တဲ့လူတွေ၊ ကျွန်တော်တို့ကကျတော့ Baekdu တောင်ထိပ်ကို ဦးတည်နေတဲ့ ကယ်ဆယ်တဲ့အဖွဲ့..၊ ” လို့ရှင်းပြခဲ့ပါတယ်။ နောက်ထပ် သူ့ရဲ့ ၂၀၁၉မှာပြုလုပ်မယ့် ရိုက်ကူးရေးအခြေအနေတွေကိုလည်းပြောပြခဲ့ပါသေးတယ်။

သူ့ရဲ့နောက်ထပ်ရိုက်ကူးမယ့်ဇာတ်ကားက ‘Boston 1947’ ဟာ အမျိုးသား ၂ယောက်ကို Bostonမြို့သို့ ခရီးအရောက်ပို့ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ သက်ပြင်းတချချနဲ့ သူ့ခမျာမှာ ‘ဒါကတကယ်ကို ရှုပ်ထွေးအုံးမှာ။’ လို့ပြောသွားလေရဲ့။ ၂၀၁၉မှာရိုက်ကူးမယ့် ‘Abduction’ နဲ့ ‘Closet’ ဇာတ်ကားဟာလည်း မင်းသားကိုပဲဗဟိုပြုပြီးရိုက်ကူးမယ့်ဇာတ်ကားတွေပါတဲ့။ ကျွန်တော်က ‘Autumn in New York’ ဒါမှမဟုတ် ‘Love Affair’ တို့လိုဇာတ်ကားမျိုးရိုက်ချင်တာ။ ကျွန်တော် နောက်ဆုံးရိုက်ခဲ့တဲ့ ရိုမန့်ဇာတ်ကားက ၂၀၁၅တုန်းက ‘Assassination’ ဇာတ်ကားဖြစ်မယ်လို့ထင်တယ်။ ၂၀၁၆တုန်းကရိုက်ခဲ့တဲ့ ‘The Handmaiden’ မှာလည်း ရိုမန့်နည်းနည်းတော့ပါမယ်ထင်တယ်..။” လို့ ၀မ်းနည်းတဲ့လေသံလေးနဲ့ပြောလာခဲ့ပါတယ်။

ဇာတ်ကားတွေရိုက်ကူးနေတဲ့ အချိန်ဇယားနဲ့ ဇာတ်လမ်းတွဲတွေရိုက်ကူးဖို့ အချိန်ဇယားတွေ ချိတ်ဆက်ဖို့မလွယ်တာကြောင့် နောက်ပိုင်းဇာတ်လမ်းတွဲတွေမရိုက်ဖြစ်ခဲ့ပါဘူးတဲ့။ ဇာတ်ကားရိုက်နေတုန်း ရတနာလောက်နီးနီးတန်ဖိုးကြီးတဲ့ ဇာတ်လမ်းတွဲတွေလက်လွှတ်လိုက်ရဖူးတယ်။ လို့ သက်ပြင်း တမှုတ်မှုတ်နဲ့ပြောသွားခဲ့လေရဲ့။

အစောပိုင်းတုန်းက Suzy ကို ‘Baekdu Mountain’ ဇာတ်ကားအတွက် Ha Jung Woo ရဲ့ဇနီးနေရာကနေရိုက်ကူးဖို့ ကမ်းလှမ်းထားတဲ့သတင်းတွေထွက်လာပါသေးတယ်။ ၂၀၂၀ကျရင်တော့ Ha Jung Woo ရိုက်ချင်တဲ့ အချစ်ဇာတ်လမ်းတွဲတွေရိုက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

GI GI(momolay)
Source : Allkpop

Comments are closed.