စက်ရုံက ဝန်ထမ်းတွေနဲ့ အတူ ပျော်ရွှင်စရာသင်္ကြန်အကြိုပွဲတော်လေးကို ဆင်နွှဲခဲ့တဲ့ မခိုင်လေးတို့ မိသားစု ပုံရိပ်လေးများ

စက်ရုံက ဝန်ထမ်းတွေနဲ့ အတူ ပျော်ရွှင်စရာသင်္ကြန်အကြိုပွဲတော်လေးကို ဆင်နွှဲခဲ့တဲ့ မခိုင်လေးတို့ မိသားစု ပုံရိပ်လေးများ

ချစ်စရာကောင်းတဲ့ ရုပ်ရှင်မင်းသမီးချောလေးဖြစ်တဲ့ မခိုင်လေးက ပြည်သူချစ်တဲ့ မင်းသမီးလေးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ ဇာတ်ကားတိုင်းမှာ အပီပြင်ဆုံးဇာတ်ရုပ်တွေနဲ့ နဂို မခိုင်လေးပုံစံကို ပျောက်ပြီး ဇာတ်ကောင်ရဲ့ ပုံစံအတိုင်းမြင်ယောက်လာအောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် အကယ်ဒမီဆုကြီးကိုလည်း ထိုက်တန်စွာရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

မခိုင်လေးက ပရိသတ်တွေအပေါ်မှာ ဖော်ရွှေတတ်တဲ့ သူတစ်ယောက်ဖြစ်သလို သူမရဲ့ အထည်ချုပ်စက်ရုံကြီးကိုလည်း အကောင်းဆုံးဦးစီးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းရုံတင်မက စီးပွားရေးကိုပါ အကောင်းဆုံး လုပ်ကိုင်နေတဲ့ မခိုင်လေးက ပရိသတ်တွေလေးစားအားကျရတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် သင်္ကြန်မှာ ပရိသတ်တွေနဲ့ အတူပျော်ရွှင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေတဲ့ မခိုင်လေးကို မြင်တွေ့ရမှာပါ။

ဒါ့ပြင် မင်းသမီးဆိုတဲ့ မာန်မာန မရှိပဲ မိမိစက်ရုံက ဝန်ထမ်းတွေနဲ့ အတူ သင်္ကြန်အကြိုပွဲလေးကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့တဲ့ ပုံရိပ်လေးတွေကိုမြင်တွေ့ရမှာပါ။ ချစ်စရာကောင်းတဲ့ မိသားစုလေးဖြစ်တဲ့ မခိုင်လေးတို့ မိသားစုသုံးယောက်နဲ့ အတူ ပျော်ရွှင်စွာနဲ့ အကအလှတွေကို ကြည့်ရူနေကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်ဝေမျှလိုက်ရပါတယ်။

Source:Khin Thin Kyi

Comments are closed.