ဆန်းသစ်တဲ့ မြန်မာဝတ်စုံဒီဇိုင်းလေးနဲ့ တည်ငြိမ်ရင့်ကျက်စွာလှနေတဲ့ ခေးလေး ခင်ဝင့်ဝါရဲ့အလှပုံရိပ်လေးများ

ဆန်းသစ်တဲ့ မြန်မာဝတ်စုံဒီဇိုင်းလေးနဲ့ တည်ငြိမ်ရင့်ကျက်စွာလှနေတဲ့ ခေးလေး ခင်ဝင့်ဝါရဲ့အလှပုံရိပ်လေးများ

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးအဖြစ် ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ သူလေးဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို အကောင်းဆုံး ကြိုးစားရင်း ပုရိသတွေဝန်းရံအားပေးရတဲ့ ဘာဘီမလေးအဖြစ် ရုပ်ရှင်အနုပညာနယ်ပယ်မှာ ထင်ရှားကျော်ကြားမှုတွေကို များစွာရရှိထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။

လတ်တလောမှာတော့ ပွဲအခမ်းအနားတွေတက်ရင်း အလုပ်တွေရှုပ်နေတဲ့ ခေးလေး ခင်ဝင့်ဝါက မကြာသေးမီအချိန်က ဂျပန်ကို သွားရိုက်လည်ပတ်ရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကိုဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း မြင်တွေ့ရမှာပါ။ ခင်ဝင့်ဝါရဲ့ တည်ငြိမ်အေးချမ်းတဲ့ အလှတွေက မြင်သူတိုင်း မချစ်ပဲ မနေနိုင်လောက်အောင်ဆွဲဆောင် ထားတဲ့ အလှပဂေး မင်းသမီးလေးဖြစ်ပါတယ်။

ယခုလည်း အရမ်းကို ချစ်စရာကောင်းပြီး ဒီဇိုင်းဆန်းသစ်တဲ့ မြန်မာဝတ်စုံလေးနဲ့ သီတာရွှေဆိုင်ရဲ့ ကံထူးရှင်ရွေးချယ်ပွဲကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ အဝါရောင် မြန်မာဝတ်စုံလေးကို တစ်မျိုးဆန်းစွာနဲ့ မြင်သူတကာငေးရလောက် တည်ငြိမ်ရင့်ကျက်စွာလှနေတဲ့ ခင်ဝင့်ဝါရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source: Khin Wint War

Comments are closed.