ပထမဆုံး အားလပ်ရက်ခရီးစဉ်လေးမှာ ဖိုးဖိုးလွင်မိုးနဲ့အတူတူ ပျော်ရွှင်စွာ တွေ့ရတဲ့ လွင်ထက်လေး

ပထမဆုံး အားလပ်ရက်ခရီးစဉ်လေးမှာ ဖိုးဖိုးလွင်မိုးနဲ့အတူတူ ပျော်ရွှင်စွာ တွေ့ရတဲ့ လွင်ထက်လေး

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားကြီး လွင်မိုးရဲ့ တစ်ဦးတည်းသော မြေးလေးဖြစ်တဲ့ လွင်ထက်လေးက တစ်နေ့တစ်ခြား အရွယ်ရောက်လာတာနဲ့အမျှ အရမ်းကို ချစ်စရာကောင်းလာတာကြောင့် ပရိသတ်တွေက ချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။ လွင်ထက်လေးရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အပြုအမူလေးတွေကို ပရိသတ်တွေတောင် ချစ်ရတာ သူ့ရဲ့ မိသားစုဆို တုန်နေအောင် ချစ်မှာအမှန်ပါပဲ။ လွင်ထက်လေးရဲ့ ဖေဖေနဲ့မေမေက နိုင်ငံခြားမှာ ကျောင်းတက်နေရတာမို့ လွင်ထက်လေးက ဖိုးဖိုး ဖွားဖွားတွေနဲ့ အတူတူ နေနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ လွင်ထက်က သင်္ကြန်အားလပ်ရက်မှာ ဖိုးဖိုး ဖွားဖွားတွေနဲ့ သူ့ဘဝရဲ့ ပထမဆုံး အပျော်ခရီးကို သွားနေတာ ဖြစ်ပါတယ်။ လွင်မိုးတို့ မိသားစုရဲ့ ခရီးသွားပုံရိပ်လေးက အရမ်းကို ကြည်နူးစရာကောင်းတာမို့ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

လွင်ထက်လေးက တစ်နေ့တစ်ခြား ဖိုးဖိုးလွင်မိုးနဲ့တူလာပြီး အရမ်းကို ချောလာတာပဲနော်။ အဲ့ဒါကြောင့်လဲ နှစ်ဖက်သော ဖိုးဖိုးဖွားဖွားတွေက လက်ကနေ မချနိုင်အောင် ချစ်နေရတာဖြစ်မယ်။

လွင်ထက်လေးက လက်ရှိမှာတော့ ဖိုးဖိုး ဖွားဖွားတွေနဲ့ အတူတူ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ လွင်ထက်ရဲ့ မေမေ ယွန်းဝတီလွင်မိုးကလဲ ကျောင်းပိတ်တဲ့အချိန်မှာ မြန်မာပြည်ကို ပြန်လာမှာ ဖြစ်ပါတယ်။

လွင်မိုးတို့ မိသားစုကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးတွေ ထွက်နေကြတာ ကြည့်တဲ့သူပါ အပျော်တွေ ကူးစက်သွားတယ်နော်။ ပရိသတ်ကြီးလဲ လွင်မိုးတို့ မိသားစုရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Yun Nady Lwin Moe’s fb

Comments are closed.