ချစ်သူကိုမိန်းကလေးတွေ ဝိုင်းကြိုက်တာ သဝန်မတိုဘူးဆိုတဲ့ ဘေဘီမောင်

ချစ်သူကိုမိန်းကလေးတွေ ဝိုင်းကြိုက်တာ သဝန်မတိုဘူးဆိုတဲ့ ဘေဘီမောင်

ပြည်သူ့အချစ်တော် စုံတွဲလေးတတွဲဖြစ်တဲ့ အဆိုတော်သားဂန်းနဲ့ သရုပ်ဆောင် ဘေဘီမောင်တို့ကတော့ ခိုင်မာစွာလက်တွဲ အမြဲတမ်းလိုလို ပရိသတ်တွေ အားကျအောင်လုပ်နေတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ တယောက်ကိုတယောက် ဖေးမမှုရှိပြီး ဘေဘီမောင်ကလည်း သားဂန်းကိုအပြည့်အဝ ထောက်ပံ့ပေးနေတာကို တွေ့ရပါတယ်။ ယခုလည်းဘေဘီမောင်တယောက် ကတော့ ချစ်သူသားဂန်းအောင်မြင်ဖို့ဆို မိန်းကလေးတွေ ဝိုင်းကြိုက်လည်း သဝန်မတိုဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။

အကုန်သိ နဲ့ အင်တာဗျူးမှာတော့ ဘေဘီမောင်က အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး “အနေထားကတော့ ရွေ့လျားဆဲပဲ။ နေပါဦးအေးဆေးပေါ့ ကလေးတွေပဲ ရှိသေးတာကို။ အခုမှသားဂန်းက တက်သစ်စ အဆိုတော်ပဲရှိသေးတာ မိန်းမကောက်ယူလိုက်တော့ သူပရိသတ်တွေအားလုံးက ဟိုဟာ ဖြစ်သွားမှာပေါ့ သူ့ကိုချစ်တဲ့ပရိသတ်တွေအတွက် ငှဲ့ရမယ်လေ။ ပရိသတ်တွေဆိုတာ အရေးကြီးတယ်လေ။ သူလည်းအလုပ်လုပ်ပါစေဦး။ ဘေဘီကလည်း သူ့ထက်ကြီးပေမယ့်လည်း ကိုယ့်ကိုကလေးလို့ သတ်မှတ်ထားတာလေ”

“အဲ့ဒါကတော့ ကံနဲု့ပဲဆိုင်ပါတယ်။ အိမ်ထောင်ကျပြီးအောင်မြင်နေတဲ့ အနုပညာရှင်တွေမှ အများကြီးလေ။ သူ့အရည်သွေးတွေ မကျဖို့အရေးကြီးတယ်။ အလှကိုထိန်းနိုင်ဖို့ အရေးကြီးတယ်။ အိမ်ထောင်မကျသေးလို့ ဝလာလို့ မရိုက်ရသေးတဲ့လူတွေလည်း အများကြီး ရှိတာပဲ။ ကိုယ်ကိုယ်တိုင်လည်း ဝနေပါတယ်။ မနည်းကိုအစားသောက်တွေ ရှောင်ပြီးတော့ ဝိတ်ကိုချနေရတယ်။ အခုချိန်မှာက စိတ်ချမ်းသာနေတာလေ။ ကိုယ့်ကိုချစ်တဲ့သူက သစ္စာရှိရှိနဲ့ ကိုယ်နားမှာ ရိုးမြေကျအေးဆေးနေတော့မယ်ဆိုတော့ စိတ်ချမ်းသာတယ်။ သဘာဝမင်းသမီးပဲ လုပ်ချင်ပါတယ်။ ပြင်တာတွေမလုပ်တော့ဘူး။ ဘယ်လိုလုပ်လုပ်တယောက်ပဲရမှာလေ။ ပရိသတ်တွေကိုလည်း အစစ်အမှန်တွေပေးချင်ပါတယ်”

ချစ်သူပေါ်မှာ သဝန်တိုတတ်လားဆိုတဲ့အပေါ်မှာတော့ “မဖြစ်ဘူး။ သူ့ကိုပရိသတ်တွေ ချစ်ပါစေလို့ ဆုတောင်းပေးနေတာ။ အဲ့ဒါမှ သူ့ရပ်တည်မှုက ကောင်းမှာလေ။ ကိုယ်ကသူ့ကိုချစ်တာ ပေးဆပ် ချင်တာ ကောင်မလေးတွေကြိုက်လို့ဆိုပြီး မရှိပါဘူး ကြိုက်လေကောင်းလေပဲလေ။ သူပရိသတ်ရတယ်။ သူအောင်မြင်တော့ ကိုယ်ကသူ့ကိုချစ်တယ်။ ပီတိပြန်စားတယ်။ အဲ့တော့ သဝန်တိုတာတွေ မရှိဘူးလေ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Comments are closed.