ဒူဘိုင်းမှာ အလန်းစားဖက်ရှင်နဲ့ လျှောက်လည်နေတဲ့ ချီချီရဲ့ အမိုက်စားဗီဒီယိုဖိုင်

ဒူဘိုင်းမှာ အလန်းစားဖက်ရှင်နဲ့ လျှောက်လည်နေတဲ့ ချီချီရဲ့ အမိုက်စားဗီဒီယိုဖိုင်

သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကတော့ လက်ရှိမှာ ချစ်သူနဲ့အတူ ဒူဘိုင်းမြို့တော်ကို အလည်အပတ် ရောက်ရှိနေတာ တွေ့ရပါတယ်။ ခရီးထွက်ရတာ ဝါသနာပါပြီး ချစ်သူနဲ့အတူ မကြာခဏ ခရီးတွေသွားလေ့ရှိတဲ့ ချီချီက အခုလည်း ဘန်ကောက်ကနေ ဒူဘိုင်းကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ချစ်သူနဲ့အတူ ဒူဘိုင်းမှာ အပန်းဖြေအနားယူရင်း ဒီနှစ်ရဲ့ သြင်္ကန်ပိတ်ရက်ကို ကုန်ဆုံးတေ့မှာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ချီချီက သူမရဲ့အလုပ်တွေ အားလုံးကိုရပ်နားထားပြီး ပျော်ရွှင်စရာခရီးစဉ်ကို စတင်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးတို့စုံတွဲက ဒူဘိုင်းကို ရောက်ရှိနေပြီး နေရာအနှံ့ လည်ပတ်ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ ပရိသတ်တွေကတော့ ခရီးတွေထွက်ရင်း ကြည်နူးနေတဲ့ ချီချီတို့စုံတွဲလေးကို အားကျနေရတာ ဖြစ်ပါတယ်။ အခုလည်း ချစ်သူ အောင်နွေဦးက အလန်းစားဖက်ရှင်နဲ့ လျှောက်လည်နေတဲ့ ချီချီရဲ့ဗီဒီယိုဖိုင်လေးကို တင်ပေးထားပါတယ်။

ဝင်းဝါစိုပြေတဲ့ ကျောပြင်အလှကို အထင်းသားမြင်တွေ့ရမယ့် ချီချီရဲ့ဖက်ရှင်ကတော့ အရမ်းကို အထာကျပြီး ခေတ်မှီနေတာ တွေ့ရပါတယ်။ နေရာဒေသနဲ့လိုက်အောင် ဝတ်စားဆင်ယင်တတ်တဲ့ ချီချီရဲ့စတိုင်ကတော့ အပူပိုင်းဒေသဖြစ်တဲ့ ဒူဘိုင်းမြို့လေးနဲ့ အဆင်ပြေလိုက်ဖက်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အမိုက်စားဖက်ရှင်နဲ့ ဆွဲဆောင်မှုတွေပိုနေတဲ့ နေခြည်ဦးရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Aung Nway Oo;

Comments are closed.