လေးကေကော်မှာတိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေ ဘေးအန္တရာယ်ကင်းဖို့ဆုတောင်းပေးနေတဲ့ သရုပ် ဆောင် မြတ်နိုးအေး

သရုပ်ဆောင်အရမ်းတော်ပြီး အရမ်းကိုအောင်မြင်နေတဲ့အချိန်မှာ အရာအားလုံးကို စွန့်လွှတ်ပြီး ပြည်သူတွေနှင့်အတူ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မြတ်နိုးအေးလည်း တစ်ဦးအပါအဝင်ပဲဖြစ်ပါတယ်။

သရုပ်ဆောင်မြတ်နိုးအေးဟာ သူမရှောင်ပြေးနေရတဲ့ကာလတွေမှာ  လေးကေကော်နယ်မြေမှာ ခိုလှုံနေထိုင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် လေးကေကော်နယ်မြေမှာ တိုက်ပွဲတွေ စတင်နေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် မြတ်နိုးအေးဟာ သူမခိုလှုံခဲ့ရာနေရာလေးဖြစ်တဲ့  လေးကေကော်မှာရှိတဲ့ သူရဲကောင်းရဲဘော်တွေ ဘေးအန္တရာယ်ကင်းစေဖို့ အခုလိုလေး ဆုတောင်းပေးထားတာဖြစ်ပါတယ်။

“ခိုလှုံခဲ့ဖူးတဲ့ နေရာလေးတစ်ခု🥺

တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေ

Advertisement

ဘေးအန္တရာယ်ကင်း အနိုင်ရကြပါစေ

Sending my prayers”

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေကော်မြို့မှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်ကစပြီး တိုက်ပွဲဖြစ် ပွားနေပြီလို့ သိရပါတယ်။ လေးကေကော်နယ်မြေအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ကြရာမှစလို့ တိုက်ပွဲစတင်ခဲ့တာလို့ သိရပါတယ်

[zawgyi]

Advertisement





Advertisement


Sending my prayers”


Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*