သင်္ကြန်ပိတ်ရက်ကို ဘာလီကျွန်းမှာ အပန်းဖြေအနားယူနေတဲ့ မခိုင်လေးတို့စုံတွဲ

သင်္ကြန်ပိတ်ရက်ကို ဘာလီကျွန်းမှာ အပန်းဖြေအနားယူနေတဲ့ မခိုင်လေးတို့စုံတွဲ

သရုပ်ဆောင် မင်းသမီးချော ခိုင်သင်းကြည်ကတော့ သဘောမနောကောင်းပြီး ဖော်ရွေတာကြောင့် ပရိသတ်တွေအားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျော်ပျော်ရွှင်ရွှင်နဲ့ လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်တဲ့ မခိုင်လေးက ဟာသလေးတွေလည်း လုပ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ယနေ့တိုင်အောင် ပိန်ပိန်သွယ်သွယ် Body လေးကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ မခိုင်လေးကတော့ အရမ်းကို အရွယ်တင်နုပျိုလွန်းသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မခိုင်လေးက ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တာကြောင့် သမီးလေးနဲ့ ညီအစ်မလားလို့တောင် မေးယူရပါတယ်။ လက်ရှိမှာတော့ မခိုင်လေးနဲ့မိသားစုက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကို အပန်းဖြေခရီးထွက်နေတာ တွေ့ရပါတယ်။ လူစုံတက်စုံနဲ့ တစ်ပျော်တစ်ပါးကြီး ခရီးထွက်လာတဲ့ မခိုင်လေးတို့မိသားစုကတော့ သင်္ကြန်ပိတ်ရက်မှာ အနားယူနေကြတာ ဖြစ်ပါတယ်။

အခုလည်း မခိုင်လေးက ” လည်လည်သွားတော့မယ် ညကျရင် ပုံတွေတင်မယ်နော် ” ဆိုပြီး စတိုင်အပြည့်နဲ့ အပြတ်လန်းနေတဲ့ ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ အလန်းစားဖက်ရှင်တွေနဲ့ အရမ်းကို လှနေတဲ့ မခိုင်လေးကတော့ ချစ်ခင်ပွန်းနဲ့အတူ ကြည်နူးပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ခိုင်သင်းကြည်တို့မိသားစုရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Khine Thin Kyi;

Comments are closed.