မြန်မာနိုင်ငံသားတွေ ကြောက်စရာကောင်းတဲ့ အဖြစ်ကြီးနဲ့ ရင်ဆိုင်နေရကြောင်း အချက်ကျကျပြောလိုက်တဲ့ သန္တာလှိုင်

မြန်မာနိုင်ငံသားတွေ ကြောက်စရာကောင်းတဲ့ အဖြစ်ကြီးနဲ့ ရင်ဆိုင်နေရကြောင်း အချက်ကျကျပြောလိုက်တဲ့ သန္တာလှိုင်

အခုလတ်တလော ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ ပြင်းထန်တဲ့ အပူဒဏ်နဲ့ ရင်ဆိုင်နေရတာကို ပရိသတ်ကြီးလဲ သိရှိခံစားကြရမှာပါ။ ဒီနှစ်ရဲ့ နွေရာသီက အရင်နှစ်တွေကထက် ပိုပူလောင်ပြီး လူတစ်ချို့ကလဲ ထိုပြင်းစွာသော အပူရှိန်ကြောင့် ကျန်းမာရေး ချို့ယွင်းမှုတွေဖြစ်ပြီး အသက်သေဆုံးသည်ထိ ဖြစ်ကြရပါတယ်။ ဒီနေ့မှာတော့ သရုပ်ဆောင်နှင့် မော်ဒယ် သန္တာလှိုင်က မြန်မာတွေ ကြုံတွေ့နေရတဲ့ ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးကြီးအကြောင်းကို အခုလိုပဲ ဝေမျှထားပါတယ်။

“မြန်မာနိုင်ငံမှာ နေတဲ့သူတွေ မျက်စိပွင့်ကြပါတော့ရှင်…. ကြေက်စရာကြီးကို ကြောက်ရကောင်းမှန်းသိအောင် ကျွန်မ ဘယ်လိုများ ပြောရပါ့မလဲ? ဟိုးအရင်တုန်းက အုံ့အုံ့ဆိုင်းဆိုင်းနဲ့ စိမ်းစိုခဲ့တဲ့ဒီ နိုင်ငံကြီးက နေရင်ထိုင်ရင်း ထပြီး ပူလာတာ မဟုတ်ပါဘူး… နောက်ထပ်လဲ ဒီထက် ဆက်ပြီးခုတ်နေရင် ဒီအပူလောက်နဲ့တင် ရပ်နေမှာ မဟုတ်ပါဘူး”

“ကျွန်မတို့မြို့ထဲနားက ပန်ထရာ လမ်းမှာဆိုရင် အရင်က သက်သက်မဲ့ လှလွန်းလို့ လမ်းမကြုံကြုံအောင် ဖြတ်သွားရတဲ့ နေရာလေးပါသစ်ပင်ရိပ်တွေနဲ့ လှမှလှ….. လွန်ခဲ့တဲ့ ၆ လလောက်ကမှ ဟိုတယ်ကြီးဆောက်ဖို့ဆိုပြီး လှပအုံ့ဆိုင်းနေတဲ့ အပင်အကြီးကြီးတွေကို ရက်ရက်စက်စက် ခုတ်ချလိုက်တာ မြို့ထဲက ဒဂုံမြို့နယ်ထဲမှာဆိုတော့ တောင်ဒဂုံနဲ့ မြောက်ဒဂုံကို အားကျလို့လားမသိပါဘူး ဟိုတယ်ဆိုတဲ့ ပါမစ်လေး တင်လိုက်တာနဲ့ ကောင်စီက ခုတ်ခွင့်တွေ ပေးလိုက်တာ… လွင်ထီးခေါင်ပြင်ကြီးကို ဖြစ်သွားရောပဲ… “

“ဒီထက်ဆက်ပြီး အပူချိန်ပိုမြင့်လာရင် အပင်အသစ်တွေတာင် ပြန်စိုက်ဖို့ မလွယ်တော့တဲ့ သဲကန္ဒာရကြီးလို ဖြစ်သွားမှာ မကြောက်ကြဘူးလားရှင့်?… ဒီပုံလေးကိုပဲ ကြည့်ကြည့်ပါ အရင်တုန်းက မြန်ာနိင်ငံရဲ့ အပူချိန်နဲ့ အခုဘေးပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် အပူချိန်က မတွေးရဲ့စရာပါ… အာရှမှာ အပူဆုံးဆိုတာအပြင် သမိုးတစ်လျှောက်လုံးမှာ အပူဆုံးဆိုတာကို ပြထားတာပါ။”

” ဒီနှစ် အပူဆုံးဆိုတာနဲ့ နောင်နှစ် ဒီလောက်မူ့ဘူးလို့ ထင်နေတွေးနေကြမယ့် သူတွေကို သတင်းဆိုး တစ်ခု ပေးပါရစေ နောင်နှစ်ကျရင် ဒီထက် ပိုပြီး ပူဖို့ပဲ ရှိပါတယ်ရှင်… သစ်ပင်တွေ မစိုက်သရွေ့ သစ်ပင်တွေ ထပ်ပြီး ခုတ်နေသရွေ့…… ဒီနှစ်အပူဆုံးဆိုတာ နောင်နှစ်ကို မှီိမှာ မဟုတ်ပါဘူးလို့ ငါနဲ့မဆိုင်ဘူးလို့ ထင်နေသောသူများကို ဒီpost လေး ရှယ်ပေးကြပါနော် ဘယ်နေရာမှာလဲ ကြည့်ကြည့်လို့ ရပါတယ်… သစ်ပင်တွေ ပြန်စပြီး စိုက်ကြပါတော့လား?” ဆိုပြီး ပြောထားပါတယ်။

သန္တာလှိုင် ပြောသလိုပဲ ရာသီဥတုကြီးက တစ်နေ့ထက်တစ်နေ့ ပိုပူလာတာ အကြောင်းမဲ့မဟုတ်ပါဘူးနော်။ သစ်ပင်တွေ ပြုန်းတီးလာတာကြောင့် ပိုပြီး ပူလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ဒီပိုစ့်လေးကို Share ပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Thandar Hlaing သန္တာလှိုင်’s fb

Comments are closed.