ကလေးတွေ အိပ်နေချိန် ဂီတာတစ်လက်နဲ့ လက်စွမ်းပြပြီး အပီဟဲထားတဲ့ Kညီရဲ့ video

ကလေးတွေ အိပ်နေချိန် ဂီတာတစ်လက်နဲ့ လက်စွမ်းပြပြီး အပီဟဲထားတဲ့ Kညီရဲ့ video

သရုပ်ဆောင် Kညီ လို့် ပြောလိုက်တာနဲ့ မသိတဲ့သူ မရှိအောင်ရှားပါးလွန်းလှပါတယ်။ သူဟာ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင်ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို လက်ခံရရှိ ထားခဲ့ရတာပဲဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး အရမ်းကို မျက်နှာရွှင်တဲ့ သူကတော့ မိသားစုရေးမှာလည်း အရမ်းကို သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရှိ ခဲ့ရပြီးပဲဖြစ်ပါတယ်။

ရည်းစားသက် ၁၄ နှစ်တိတိ ချစ်ကြိုက်ခဲ့ကြတဲ့ Kညီတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ ယခုဆိုရင် အိမ်ထောင်သက်လည်း ၆နှစ် ကျော်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ နှစ်နှစ်ဆယ်ကျော်တိတိ ချစ်ကြိုက်ခဲ့ကြတဲ့ သူတို့မောင်နှံနှစ်ယောက်ဟာဆိုရင် လျှော့မသွားတဲ့ အချစ်တွေနဲ့အတူ ဘဝခရီးကို ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင် ခဲ့ကြတာပဲဖြစ်ပါတယ်။ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်ခဲ့တဲ့ Kညီကတော့ အနုပညာကို ဝါသနာကြီးလွန်းတဲ့ သူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

အနုပညာကို ရှူးသွပ်လွန်းတဲ့ သူဟာဆိုရင် ဒီဇင်ဘာ ၁၈ ရက် ညအချိန်မှာ သားလေးတွေအိပ်နေတုန်းကို ဂီတာတီးပြီး သီချင်းသီဆိုပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ထိုသို့ သီဆိုထားတဲ့ Kညီကတော့ ” 🤔က​လေးအိပ်​​နေ​တော့ တိုးတိုး​လေးနဲ့ ဂန္တဝင်​ဆည်းဆာ သီချင်းကို ကိုစိုးလွင်​လွင်​ mood​လေး ထည့်​ပြီး ဆိုတတ်​သလို တီးတတ်​သလို ဆိုကြည့်​တာ😁 ” ဆိုတဲ့ စာသားလေးနဲ့ အိမ်မှာ ဆိုတတ်သလို သီဆိုထားကြောင်းကို သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

“ဂန္တဝင်ဆည်းဆာ” သီချင်းလေးကို ဂီတာတစ်လက်နဲ့ အမိုက်စား သီဆိုဖျော်ဖြေပေးထားတဲ့ Kညီ ရဲ့ video

ထူးအိမ်သင်ရဲ့ “ခွင့်မပြု” သီချင်းကို ဂီတာတစ်လက်နဲ့ အပြတ်ဟဲပြီး သီဆိုပေးထားတဲ့ Kညီရဲ့ video

အဆိုတော်ကြီးနှစ်ယောက်ရဲ့ သီချင်းကို တစ်ညထဲနဲ့ သီဆိုဖျော်ဖြေပေးသွားတဲ့ Kညီရဲ့ ဖျော်ဖြေတင်ဆက်မှုလေးကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။ သရုပ်ဆောင် အလုပ်တင်သာမဟုတ်ဘဲ သီချင်းဆိုပါကောင်းလွန်းတဲ့ သရုပ်ဆောင် Kညီရဲ့ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Ref : DavidKNyi’s Facebook

Comments are closed.