သူမရဲ့ကျော့ရှင်းတဲ့ ကောက်ကြောင်းအလှကို လှစ်ဟပြလိုက်တဲ့ Mဆိုင်းလု

သူမရဲ့ကျော့ရှင်းတဲ့ ကောက်ကြောင်းအလှကို လှစ်ဟပြလိုက်တဲ့ Mဆိုင်းလု

အောင်မြင်တဲ့မော်ဒယ်တစ်ဦးအဖြစ်နဲ့ ရပ်တည်နေတဲ့ Mဆိုင်းလုတစ်ယောက် သူမရဲ့ ချစ်စဖွယ်ပုံရိပ်တွေ ကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ရင်ခုန် ချင်စရာကောင်းတဲ့အလှအပ တွေဟာ ဘယ်အချိန်မှာပဲကြည့်ကြည့် ဆွဲဆောင်မှု ကတော့ 100 ရာခိုင်နှုန်းအပြည့်အဝပါပဲ။ ဘယ်လိုဖက်ရှင်မျိုး ကို မဆိုလိုက်ဖက်လွန်း တဲ့ သူမရဲ့ကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေးဟာ ရင်ခုန်ချင်စရာပါပဲ။

တိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး မပီကလာပီကလာ စကားသံလေးက ရင်ခုန်သံတွေကို ပိုမိုနှိုးဆွ ပေးနေသလိုပါပဲ။ အနီရောင်အင်္ကျီလေးကို အနက်ရောင်ဘောင်းဘီရှည်လေးနဲ့ တွဲဖက်ဝတ်ဆင်ထား တဲ့ သူမရဲ့အလှတရားတွေဟာ ရူးခါသွားလောက်အောင်ကို စွဲဆောင်မှုပိုလွန်းနေပါတယ်။ မကြာခဏဆိုသလို နိုင်ငံခြားခရီးစဉ်တွေသွားတတ်ပြီး ဘဝကို အေးအေးလူလူဖြတ်သန်းတတ်သူ တစ်ယောက်ပါပဲ။

သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ” ဟိုင်း Lu Lu ပါ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အရုပ်မလေး လို အရမ်းကိုချစ်စရာကောင်လွန်းတဲ့ ကချင်တိုင်းရင်းသူလေး Mဆိုင်းလုရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေ ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – M Seng Lu

Comments are closed.