ဗိုက်ချပ်စေမယ့် လေ့ကျင့်ခန်းတွေစုပြီး တင်ပေးခဲ့တဲ့ သန္တာလှိုင်​ရဲ့ဗီဒီယို

ဗိုက်ချပ်စေမယ့် လေ့ကျင့်ခန်းတွေစုပြီး တင်ပေးခဲ့တဲ့ သန္တာလှိုင်​ရဲ့ဗီဒီယို

ဆယ်ကျော်သက်လေးလို အမြဲနုပျိုနေတဲ့ သန္တာလှိုင်ကတော့ ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ အားကစားလိုက်စားသူတစ်ဦးမို့ အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ အမြဲလိုလို ပရိသတ်တွေအတွက် အကျိုးရှိစေမယ့် လေ့ကျင့်ခန်းအားကစားတွေ သူမရဲ့ ဖေ့စ်ဘုတ်ကနေ မျှဝေပေးလေ့ရှိတဲ့ သန္တာလှိုင်ကတော့ လတ်တလောမှာလည်း သန္တာလှိုင်က ဗိုက်ချပ်စေမယ့် လေ့ကျင့်ခန်းတွေ အကုန်စုပြီး တင်ပေးခဲ့တာ တွေ့ရပါတယ်။ ဗိုက်အဆီရှိသူတွေအတွက် အကျိုးရှိစေမယ့် သန္တာလှိုင်ရဲ့ဗီဒီယိုလေးကိုတော့ ပရိသတ်တွေ အကုန်သဘောကျနေကြတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် ဗိုက်ချပ်စေမယ့် လေ့ကျင့်ခန်းတွေစုပြီး တင်ပေးခဲ့တဲ့ သန္တာလှိုင်ရဲ့လေ့ကျင့်ခန်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

သန္တာလှိုင်ကတော့ “ဒီနေ့မှာ ဗိုက်ချပ်တဲ့ လေ့ကျင့်ခန်းလေးတွေ စုပြီးတင်ထားပေးတယ်နော်… Valentines Day present T’s Workshop မှာ Buy 1 Get 1 Free membership ဒီလကုန်အထိ ရှိတယ်နော်… 01393360 ကိုဆက်ပြီးစုံစမ်းလို့ ရပါတယ်။ ဒီနေ့ လေ့ကျင့်ခန်းကို ဘယ်လိုလုပ်ရမှန်း မသိရင် ဒီဇင်ဘာလကထဲက တင်ထားတဲ့ Exercise video လေးတွေပြန်ကြည့်ပြီး အစကနေလုပ်ပါနော်။ Sit Upx ၆၀ စက္ကန့် Slow Bicycle x ၆၀ စက္ကန့် Crist Cross x ၆၀ စက္ကန့် Abdominal Crunch x ၆၀ စက္ကန့် Leg Raise x ၆၀ စက္ကန့် —————————————-၂ မိနစ်နားပြီ အစအဆုံး ၄ ခါ ပြန်ကျော့ ကစားပါ… ကစားနေတုန်း အသက်မှန်မှန်ရှူဖို့ မမေ့ပါနဲ့ ရေသောက်ပါ… ပြီးရင် အကြောလျှော့ပါ အားလုံး လှပကျန်းမာစေဖို့… ♥️♥️♥️🥰 သန္တာလှိုင်​” ဆိုပြီး သူမရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ။

သန္တာလှိုင်ရဲ့ ဗိုက်ချပ်နည်းလေ့ကျင့်ခန်းဗီဒီယို

သန္တာလှိုင်က​တော့ လက်​ရှိမှာ ချစ်​ရတဲ့ခင်​ပွန်းသည်​နဲ့အတူ က​လေး​တွေကိုပြုစု​စောင့်​​ရှောက်​ရင်း ​ဘဝကို​အေးချမ်းစွာ ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ အသက်​ ၄၀ ​ကျော်​ပြီဖြစ်​တဲ့ အမျိုးသမီးတစ်​​ယောက်​​ပေမယ့်​ အဆီပိုမရှိ ကျစ်​လစ်​တဲ့ခန္ဓာကိုယ်​အချိုးအစားကို ပိုင်​ဆိုင်​ထားတဲ့ သန္တာလှိုင်​က​တော့ အခုအချိန်အထိ အရမ်းကို လှရက်​လွန်းနေတာပါ​​နော်​။ ချစ်​ပရိသတ်​​တွေ​လည်း အလှအပနဲ့ ကျန်းမာ​ရေးအတွက်​ ​လေ့ကျင့်​ခန်းလုပ်​ကြဖို့ မ​မေ့ပါနဲ့​နော်​။

Source:Thandar Hlaing’s facebook

Comments are closed.