ခပ်မိုက်မိုက် ပို့စ်ပေးကြမ်းနေတဲ့ ပိုင်တံခွန်ရဲ့ အမိုက်စားပုံလေးများ

ခပ်မိုက်မိုက် ပို့စ်ပေးကြမ်းနေတဲ့ ပိုင်တံခွန်ရဲ့ အမိုက်စားပုံလေးများ

မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေ ဝိုင်းဝိုင်းလည် အားပေးခြင်းခံနေရတဲ့ အနုပညာရှင်တွေထဲမှာ ထိပ်ဆုံးက အပါအဝင်ဖြစ်ပါတယ်။ အသားဖြူဖြူ ရုပ်ချောချောနဲ့ ကြည့်ကောင်းတဲ့ ပိုင်တံခွန်က မကြွေပဲမနေနိုင်လောက်အောင် ညို့အားပြင်းတဲ့ မင်းသားချောလေးလည်း ဖြစ်ပါတယ်။ စိတ်သဘောထားဖြူစင်ပြီး မာနကင်းတာကြောင့် သူ့ကိုအားပေးတဲ့ ပရိသတ်တွေက အပြတ်အသတ် ဝန်းရံနေကြတာ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ကောင်မလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးတွေတင်ကာ ပရိသတ်တွေကို အမြဲစနောက်တက်တဲ့ သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း နိုင်ငံခြားမင်းသားလို့ ထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှိလွန်းတဲ့ သူရဲ့ အမိုက်စားဖက်ရှင်နဲ့ ရိုက်ပြထားတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေတိုင်းက ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် နူတ်ခမ်းနီမလေးတွေ ကြွေစေမှာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ ပိုင်တံခွန်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ အမိုက်စား ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Source: Paing Takhon

Comments are closed.