ဘုရားတရားလုပ်ဖို့ ပြောတဲ့ ပရိသတ်တစ်ဦးကို အချက်ကျကျပြန်ချေလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

ဘုရားတရားလုပ်ဖို့ ပြောတဲ့ ပရိသတ်တစ်ဦးကို အချက်ကျကျပြန်ချေလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေ များစွာ အားပေးချစ်ခင်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ (၁၅) ကြိမ်မြောက် မွေးနေ့ရှိုးကြီးကတော့ မနေ့က ဧပြီလ (၁၀)ရက်နေ့က အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စတိတ်စင်အလန်းကြီးတွေနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်အားဖြည့်ကြတဲ့ စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးပွဲက နှစ်စဉ်နှစ်တိုင်း အောင်မြင်တယ်ဆိုပေမယ့် ဒီနှစ်ကတော့ ပရိသတ်အများဆုံးနဲ့ အစည်ကားဆုံး ပွဲကြီးလို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ မွေးနေ့ရှိုးကြီးပြီးတဲ့နောက်မှာတော့ စိုင်းစိုင်းက သင်္ကြန်မှာ ဖျော်ဖြေမှုတွေ ဆက်တိုက်လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

အရင်က သင်္ကြန်ဆိုရင် စိုင်းစိုင်းမဏ္ဍပ်ဆိုပြီး ပြည်လမ်းပေါ်မှာ အကြီးအကျယ်ရှိခဲ့တာ ပရိသတ်ကြီး မှတ်မိကြဦးမှာပါ။ ဒီနှစ်မှာတော့ စိုင်းစိုင်းက သူ့ရဲ့အတိတ်က သင်္ကြန်နေ့ရက်တွေကို ပြည်လည်သတိရပြီး “ဟို အရင်က ဒီလိုအချိန်ဆို မဏ္ဍပ်ပေါ်မှာ လူစုံပြီ ကြေကွဲကွာ” ဆိုပြီး ဝမ်းနည်းစွာ ရေးထားပါတယ်။

စိုင်းစိုင်းရဲ့ ပိုစ့်အောက်မှာ ပရိသတ်များစွာက ကောမန့်တွေ ဝင်မန့်ကြတာကို တွေ့ရပါတယ်။ ထိုထဲကမှ ပရိသတ်တစ်ဦးက “ဦးကလဲ သမီးအဖေဆို ဘုရားတရားလုပ်နေပြီ” ဆိုပြီး ကောမန့်ပေးထားတာကို တွေ့ရပါတယ်။

ထိုကောမန့်ကိုတွေ့ပြီး စိုင်းစိုင်းခမ်းလှိုင်က “ငါက နင့်အဖေမှ မဟုတ်တာ ငါက စိုင်းစိုင်းလေ” ဆိုပြီး ပြန်ပြောခဲ့တာကြောင့် ပရိသတ်တွေ တော်တော်ပွဲကျခဲ့ရပါတယ်။

စိုင်းစိုင်းကတော့ အဲ့လိုစကားတတ်တာကြောင့် ပရိသတ်တွေက ပိုသဘောကျနေရတာ ဖြစ်ပါတယ်။ စိုင်းစိုင်းပြန်ပြောတဲ့ စကားကြောင့် ပရိသတ်ကောင်မလေးကလဲ စိတ်မဆိုးပဲတွေ့ရတာ အရမ်းကို ချစ်စရာကောင်းလှပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Sai Sai’s fb

Comments are closed.