အားလပ်ရက်မှာ ချစ်သူနဲ့အတူတူ ဒူဘိုင်းမှာ လည်ပတ်နေရင်း ပျော်ရွှင်နေတဲ့ နေခြည်ဦး

အားလပ်ရက်မှာ ချစ်သူနဲ့အတူတူ ဒူဘိုင်းမှာ လည်ပတ်နေရင်း ပျော်ရွှင်နေတဲ့ နေခြည်ဦး

အနုပညာရှင်လောကထဲမှာ အရမ်း Ro ပြီး ချစ်တတ်လွန်းကြတဲ့ ချစ်သူစုံစွဲကို ထောက်ပြပါဆိုရင် သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးတို့ စုံတွဲကို ထောက်ပြရမှာပဲ ဖြစ်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် အရမ်းကို ချစ်တတ်ကြလွန်းတဲ့ သူတို့စုံတွဲလေးကတော့ နားလည်မှုတွေအပြည့်နဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်း လာခဲ့ကြတာဟာဆိုရင် ချစ်သူကျော် ၁ နှစ်ကျော်တဲ့အထိပဲ ဖြစ်ပါတယ်။

နေခြည်ဦးနဲ့ သူမရဲ့ချစ်သူ မန္တလေးသားလေးက သင်္ကြန်အားလပ်ရက်မှာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ UAE ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒူဘိုင်းကို ရောက်ခိုက် နေခြည်ဦးတို့စုံတွဲက ဈေးကြီးပေ့ဆိုတဲ့ နေရာတွေကို သွားရောက်လည်ပတ်ခဲ့ပြီး ပျော်စရာကောင်းတဲ့ အချိန်တွေကို အတူတူ ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

တန်ဖိုးကြီး အသုံးအဆောင်တွေ ပတ်ဝယ်ရင်း ပျော်စရာကောင်းတဲ့ နေခြည်ဦးတို့ ချစ်သူစုံတွဲလေးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Shopping Mall ပိတ်တဲ့အချိန်အထိ မရပ်မနားဈေးဝယ်ရင်း မောပန်းသွားတဲ့ ချီချီ

အားလပ်ရက်လေးမှာ ချစ်သူနှစ်ဦး အတူတူရှိနေပြီး အချိန်တွေ ကုန်ဆုံးရတာ အရမ်းကို ပျော်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလဲ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူးအချိန်လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source: Nay Chi Oo’s fb

Comments are closed.