ဗိုလ်အောင်ဒင်နဲ့ မမြဝင်းတို့ရဲ့ဇာတ်လမ်းကို နှစ်ကိုယ်ခွဲပြီး အပီအပြင်သရုပ်ဆောင်ပြခဲ့တဲ့ ဖြူဖြူ​ထွေး

ဗိုလ်အောင်ဒင်နဲ့ မမြဝင်းတို့ရဲ့ဇာတ်လမ်းကို နှစ်ကိုယ်ခွဲပြီး အပီအပြင်သရုပ်ဆောင်ပြခဲ့တဲ့ ဖြူဖြူ​ထွေး

ဖြူဖြူထွေးလို့ဆိုလိုက်တာနဲ့ လူငယ်ပီပီ သွက်လက်လန်းဆန်းပြီး အနုပညာကိုချစ်မြတ်နိုးပြီး တလေးတစားနဲ့လုပ်ကိုင်နေတဲ့ ချစ်စရာကောင်မလေးလို့ ပရိသတ်တွေက ပြေးမြင်မိကြမှာပါ။ ဖြူဖြူထွေးကတော့ အမြဲလိုလို အသံနောက်ခံဇာတ်လမ်းတွဲတွေကို သရုပ်ဆောင်ပြလေ့ရှိပြီး ပရိသတ်တွေကို ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းပေးတတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဖြူဖြူထွေးက နာမည်ကြီး ဗိုလ်အောင်ဒင်နဲ့ မမြဝင်းတို့ရဲ့ဇာတ်လမ်းကို နှစ်ကိုယ်ခွဲပြီး အပီအပြင် သရုပ်ဆောင်ထားတဲ့ ဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် အနုပညာသွေးအပြည့်နဲ့ ပါရမီပါလွန်းတဲ့ကောင်မလေး ဖြူဖြူထွေးရဲ့ ချစ်စဖွယ်ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင်ရင် မာန်ပါပါနဲ့ အားရပါးရသရုပ်ဆောင်တတ်တဲ့ သူမကတော့ အခုဆိုရင် ဇာတ်ကားတွေလည်း ရိုက်ကူးနေရပါပြီ။

ဖြူဖြူထွေးကတော့ “ဟယ်ဟယ် ဆိုရင်သဘောပေါက်” ဆိုပြီး ဗိုလ်အောင်ဒင်တို့ရဲ့ နှစ်ကိုယ်ခွဲဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုလေးကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

ဖြူဖြူထွေးရဲ့ အမိုက်စားဗီဒီယိုလေး

အွန်လိုင်းပေါ်မှာ ထူးခြားတဲ့ ကကွက်လေးတွေနဲ့ ပရိသတ်တွေရဲ့ အာရုံကိုဖမ်းစားထားနိုင်တဲ့ ချစ်စရာကောင်မလေး ဖြူဖြူထွေးကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေဆက်တိုက် ပြုလုပ်နေရပြီပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ ဗိုလ်အောင်ဒင်ဗီဒီယိုလေးကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Phyu Phyu Htwe’s Facebook

Comments are closed.