ရေသေနတ်ထဲကို အချစ်တွေထည့်ပြီး ပက်ဖြန်းပေးမယ့် နန်းစုရဲ့ သင်္ကြန်အကျနေ့စတိုင်

ရေသေနတ်ထဲကို အချစ်တွေထည့်ပြီး ပက်ဖြန်းပေးမယ့် နန်းစုရဲ့ သင်္ကြန်အကျနေ့စတိုင်

ပရိသတ်တွေအရမ်းချစ်ရတဲ့ မင်းသမီးချောလေး နန်းစုရတီစိုးကတော့ ကိုရီယားမလေးတွေ အရှုံးပေးရလောက်အောင် နုဖတ်ဖြူဖွေးပြီးအရမ်းလှတဲ့ အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးပါ။ပိန်ပိန်သွယ်သွယ်နဲ့ အပြစ်ပြောစရာမရှိတဲ့ ဘော်ဒီအလှကလည်း မြင်သူတိုင်း ငေးမောစရာပါနော်။နန်းစုရဲ့ စကားပြောဟန်အမူအရာလေးတွေကလည်း ကြားရသူနားမှာ ပျားရည်တွေလောင်းထည့်လိုက်သလို ချိုမြနေတဲ့ အသံလေးနဲ့ဖြစ်ပါတယ်။

နန်းစုက လူလတ်ပိုင်းအရွယ်ကို ရောက်လာပြီဖြစ်ပေမယ့် အမြဲတမ်းနုပျိုနေလို့ ဘယ်အရွယ်ရောက်ရောက် ၁၆နှစ်လေးလိုပါပဲ။နန်းစုရဲ့အလှအပတွေကို ချစ်သူဂျီဖတ်ကတောင် သီချင်းလေး ဖွဲ့နွဲ့ပြီး သီဆိုထားပါသေးတယ်။နန်းစုနဲ့ဂျီဖတ်တို့က မနဲ့မောင် စုံတွဲလေးဖြစ်ပေမယ့် သက်တူရွယ်တူတွေလို ပြောဆိုဆက်ဆံကြရင်း ဝါသနာတူကြတာဖြစ်လို့ အရမ်းကို လိုက်ဖက်လွန်းလှတဲ့ စုံတွဲလေးပါ။နန်းစုတို့စုံတွဲလေးကို ပရိသတ်တွေကအရမ်းချစ်ပြီး သဘောတူနေကြတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ နန်းစုနဲ့ဂျီဖတ်တို့က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေရင်း ပရိသတ်တွေရဲ့ အချစ်တွေကို ခံယူနေပါတယ်။အခုဆိုရင်လည်း နန်းစုက လူတိုင်းပျော်တဲ့ မြန်မာ့နှစ်ကူးအတာ သင်္ကြန်ပွဲတော်မှာ သီချင်းတွေဆိုရင်နဲ့ ရေတွေလည်းကစားပါတယ်။နန်းစုကတော့”သင်္ကြန်ကျပြီနော် အေးချမ်းသွားအောင် အချစ်တွေကို ရေသေနတ်လေးထဲထည့်ပြီး ဖြန်းပက်မယ်.. ညနေကျ ၁၉ လမ်း channel 9 , Shwe fm မဏ္ဌပ်ရှေ့ကို လာခဲ့ကြနော်”ဆိုပြီး သင်္ကြန်အကျနေ့မှာ ဘယ်လိုတွေလန်းနေလဲဆိုတာ ပရိသတ်ကြီးလည်း မြင်တွေ့ရအောင် မျှဝေပေးလိုက်ပါတယ်။

Source:Nansu Yati Soe

Comments are closed.