သင်္ကြန်အကြိုနေ့လေးမှာ သီလရှင် ဆရာလေး ဒေါ်ဉာဏဘဝကို ခံယူလိုက်တဲ့ ခြူးလေ

သင်္ကြန်အကြိုနေ့လေးမှာ သီလရှင် ဆရာလေး ဒေါ်ဉာဏဘဝကို ခံယူလိုက်တဲ့ ခြူးလေ

သရုပ်ဆောင် မင်းသမီးချောလေး ခြူးလေးကတော့ MRTV 4 ဇာတ်လမ်းတွဲလေးတွေကတစ်ဆင့် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိလာခဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ခြူးလေးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ မင်းသမီးလေးအဖြစ် ပါဝင်သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ခြူးလေးက မြင့်မြတ်၊ သက်မွန်မြင့်တို့နဲ့အတူ ”ကဝေသေလို့ ခြောက်တဲ့တစ္ဆေ” ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။

ဒီနေ့ ဧပရယ်လ ၁၃ ရက်နေ့ကတော့ မြန်မာနှစ်သစ်ကူးသင်္ကြန်ရဲ့ အကြိုနေ့လေးပဲ ဖြစ်ပါတယ်။ ဒီနေ့သင်္ကြန်မှာတော့ ပရိသတ်အချစ်တော် ခြူးလေးက သီလရှင်ဆရာလေးဝတ်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ သင်္ကြန်တွင်းမှာ မွန်မြတ်အေးချမ်းလှတဲ့ ဆရာလေးဘဝကို ခံယူလိုက်တဲ့ ခြူးလေးကိုတော့ ပရိသတ်တွေက ချီးကျူးပီတိဖြစ်နေနရတာ ဖြစ်ပါတယ်။

အခုလည်း ခြူးလေးက သူမရဲ့ပရိသတ်တွေအတွက် သီလရှင်ဆရာလေး ဒေါ်ဉာဏအဖြစ် ခံယူထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။ ကျက်သရေရှိပြီး တည်ငြိမ်အေးချမ်းလှတဲ့ ခြူးလေးရဲ့ ပုံရိပ်လေးတွေကတော့ မြင်သူတိုင်းရင်ကို အေးချမ်းမှုတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သီလရှင်ဆရာလေး ဝတ်နေတဲ့ ခြူးလေး (ဆရာလေး ဒေါ်ဉာဏ) ရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Chue Chue;

Comments are closed.