အရမ်းမိုက်တဲ့ သင်္ကြန်ဆံပင်ကိုပြရင်း ပရိသတ်တွေကို နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်တဲ့ ကျော်ကျော်နန္ဒ

အရမ်းမိုက်တဲ့ သင်္ကြန်ဆံပင်ကိုပြရင်း ပရိသတ်တွေကို နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်တဲ့ ကျော်ကျော်နန္ဒ

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ ကြာပြီဖြစ်ပေမယ့် မကြာခင်က ထွက်ရှိခဲ့တဲ့ “ဆက်ပက်သင်္ကြန်” သီချင်းကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ တေးသံရှင် ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန်မှာတော့ ကျော်ကျော်နန္ဒက ပရိသတ်တွေကို သူ့ရဲ့မြူးမြူးကြွကြွ သင်္ကြန်သီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက သင်္ကြန်မှာ ဖျော်ဖြေဖို့အတွက် အလန်းစားဖက်ရှင်တွေကို ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။ ဆံပင်ကိုလဲ သူများထက်လန်းအောင် ကျစ်ဆံမြီးအရှည်ကြီး ကျစ်ထားပြီး အရမ်းကို ဂေါ်နေတာ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒက အမိုက်စားဆံပင်ကြီးကို ကြွားရင်း ချစ်လှစွာသော ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်းစကားလေးကို အခုလိုပဲ ပြောပြထားပါတယ်။ ပရိသတ်တွေအတွက် ကျော်ကျော်နန္ဒရဲ့ နှစ်သစ်ဆုမွန်ကောင်းစကားလေးကို မျှဝေလိုက်ပါတယ်နော်။

ကျော်ကျော်နန္ဒက ပရိသတ်တွေကို နှစ်သစ်ဆုမွန်ကောင်း တောင်းပေးရင်း သူ့ကိုချစ်ခင်ပေးကြဖို့ တောင်းဆိုလိုက်ပါသေးတယ်။ ကျော်ကျော်နန္ဒ ဆုတောင်းပေးသလို ပရိသတ်ကြီးလဲ နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Kyaw Kyaw Nanda’s fb

Comments are closed.