
သင်္ကြန်အကျနေ့မှာ သွားရည်ကျရလောက်အောင် မုန့်တွေတစ်မျိုးပြီးတစ်မျိုး စားပြနေတဲ့ မအေးသောင်း


သရုပ်ဆောင် မင်းသမီးချော မအေးသောင်းကတော့ VCD ခေတ်ကတည်းက ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် လှပပြီး ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းက ပုရိသတွေရဲ့ အသည်းကျော်လေးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မအေးသောင်းက အရွယ်တင်နုပျိုလှပလွန်းတဲ့ အပျိုကြီးမမဂုဏ်ကို ထိန်းသိမ်းထားနိုင်သူလည်း ဖြစ်ပါတယ်။


အခုလို သင်္ကြန်ကာလမှာတော့ မအေးသောင်းက နေပြည်တော်က Skynet မဏ္ဍပ်မှာ သင်္ကြန်လေးရက်လုံး ရှိနေမှာ ဖြစ်ပါတယ်။ ဒီနေ့ သင်္ကြန်အကျနေ့လေးမှာတော့ မအေးသောင်းက အဝါရောင် ဝတ်စုံလေးနဲ့ အရမ်းကို တောက်ပလှပနေပါတယ်။ ဒါ့အပြင် မအေးသောင်းက သင်္ကြန်မုန့်တွေကို တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် အားရပါးရ စားသောက်နေတာလည်း တွေ့ရပါတယ်။


မအေးသောင်းက ” အကျနေ့ ဖျော်ဖြေပုံ အဆင့်ဆင့် မှတ်ချက်- ကိုယ့်ဘာသာကိုယ် အစားအသောက်ဖြင့် ဖျော်ဖြေသည် ” ဆိုပြီး အကျနေ့မနက်မှာ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ မုန့်တွေကို အဝစားနေတဲ့ မအေးသောင်းရဲ့ပုံလေးတွေကတော့ အရမ်းချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မအေးသောင်းရဲ့ သင်္ကြန်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source: Aye Thaung;