ဖုန်းဘေလ် မရှိလဲ သုံးလို့ရမယ့် VPN နှင့်အသုံးပြုနည်း လေးများ မျှဝေပေးလိုက်ပါတယ်

ဆက်သွယ်ရေးကုမ္ပဏီများမှ အင်တာနက်အသုံးပြုနိုင်သည့် ဖုန်းဒေတာဈေးနှုန်းများကို ဒီဇင်ဘာ (၇)ရက်နေ့ နောက်ပိုင်းမှ စ၍ ဈေးတက်လာနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး စီးပွားရေးကျပ်တည်းခက်ခဲနေကြတဲ့ မြန်မာနိုင်ငံနေ ပြည်သူများမှာ ဒီသတင်းဟာ အမှန်တကယ်ဖြစ်လာမှာကို လွန်စွာစိုးရိမ်ခဲ့ကြပါတယ်။

ဒါပေမယ့် ထိုသတင်းများမှာ ကောလဟာလ တင်သာမကပဲ အမှန်တကယ်ဖြစ်ကြောင်းဒီဇင်ဘာ(၈)ရက်နေ့ မနက်မှစပြီး သက်သေပြခဲ့ပါပြီ။ အင်တာနက်အသုံးပြုနိုင်တဲ့ ဒေတာဈေးနှုန်းများဟာ ဒီဇင်ဘာလ၈ရက်နေ့မှစပြီး ပြောင်းလဲသွားပြီဖြစ်ပါတယ်။

Mobile data ဖုန်းအင်တာနက်တွေ ဈေးတိုးမြှင့်လိုက်တဲ့ သတင်းတော့ အားလုံးသိပြီးကြပြီ ထင်ပါတယ်။ ဘာကြောင့်ဆိုတာတော့ ကာယကံရှင် ကြင်စိုးတို့ပဲ သိမယ်ဆိုပေမဲ့ မပြေးသော်ကန်ရာရှိ ဆိုသလို Digital Strike နဲ့ သတင်းစီးဆင်းမှုတွေကို တားဆီးချင်လို့ လို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။ ကြည့်မြင်တိုင် ပန်းပင်နီလမ်းက အဖြစ်အပျက် ဗီဒီယိုဖိုင်မျိုးဆို အင်မတန် အထိနာခဲ့တယ် ပြောရမှာကိုး။

Wifi ကလည်း တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့်တော့ မလွှမ်းခြုံနိုင်တာမို့ Mobile data ကို စီစီစစ်စစ်နဲ့ သုံးနိုင်ဖို့ လိုပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ အခုလို ဈေးနှုန်းပြောင်းလဲမှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Advertisement

ပြည်သူများ အနေနဲ့လည်း လက်ရှိအကျပ်အတည်းများကြားက ကြိုးစားရုန်းကန်နေကြရင်း ဒေတာဈေးနှုန်းများ တိုးမြင့်သွားတဲ့အတွက် အင်မတန် အဆင်မပြေဖြစ်နေကြတာပဲဖြစ်ပါတယ်။

ဖုန်းဘေလ် မရှိလဲ သုံးလို့ရမယ် VPN နှင့်အသုံးပြူနည်းလေးများ မျှဝေပေးလိုက်ပါတယ်။

ဖုန်းဘေလ် မရှိလဲ သုံးလို့ရမယ့် VPN နှင့်အသုံးပြုနည်းလေးများ မျှဝေပေးလိုက်ပါတယ်…

ဖုန်းဘေလ် မရှိလဲ သုံးလို့ရမယ့် VPN နှင့်အသုံးပြုနည်းလေးများ မျှဝေပေးလိုက်ပါတယ်…

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*