သင်္ကြန်ရက်အတွင်းမှာ ကလေးဗိုလ်လေးဖြစ်နေတဲ့ အကြောင်းကို ချစ်စရာအသံလေးနဲ့ အသည်းယားအောင်ပြောခဲ့တဲ့ အိမ့်ထရေသျှာရဲ့ ဗီဒီယို

သင်္ကြန်ရက်အတွင်းမှာ ကလေးဗိုလ်လေးဖြစ်နေတဲ့ အကြောင်းကို ချစ်စရာအသံလေးနဲ့ အသည်းယားအောင်ပြောခဲ့တဲ့ အိမ့်ထရေသျှာရဲ့ ဗီဒီယို

ချစ်စရာကောင်းတဲ့ အဆိုတော်မော်ဒယ်မလေးဖြစ်တဲ့ အိမ့်ထရေသျှာက ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ တက်သစ်စမော်ဒယ်မလေးတစ်ဦးဖြစ်ပေမယ့် သူမရဲ့ မမျှော်လင့်ထားတဲ့ အများတစ်ခုကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဘယ်လို အခက်အခဲတွေရှိရှိ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တဲ့ အိမ့်ထရေသျှာက ယခုဆိုရင် အနုပညာလောကထဲကို ရဲဝံ့စွာနဲ့ တစ်ဖန်ပြန်လည်ဝင်ရောက်လာတာကို မြင်တွေ့ရမှာပါ။

ပရိသတ်တွေရဲ့ အားပေးမှုများစွာနဲ့ ကြိုးစားရင်း အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ တက်သစ်စ မော်ဒယ်မလေးအဖြစ် အနုပညာလှုပ်ရှားမှုတွေကိုမြင်တွေ့ရမှာပါ။ ချစ်စရာကောင်းတဲ့ အရုပ်မလေးလိုစကားလေးကို ချိုချိုသာသာ ပြောတတ်တဲ့ အိမ့်ထရေသျှာရဲ့ ပုံစံလေးတွေက ပုရိသတွေအတွက်တော့ ဆွဲဆောင်နေတဲ့ အလှတရားတစ်ခုဖြစ်ပါတယ်။

ယခုလည်း အားလုံးပျော်ရွှင်နေကြတဲ့ သင်္ကြန်အချိန်အခါသမလေးမှာ ကလေးလေးတွေကို သွားချင်တဲ့ နေရာတွေလိုက်ပို့ပေးရင်း အေးချမ်းပျော်ရွှင်စွာနဲ့ သင်္ကြန်ကို ဖြတ်သန်းနေတဲ့ အကြောင်းကို ချစ်စရာကောင်းတဲ့ အသံလေးနဲ့ အူယားသွားအောင် ပြောထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှလိုက်ရပါတယ်။

Source:Eaint Treasure

Comments are closed.