သင်္ကြန်မှာ သီချင်းတွေနဲ့ဖျော်ဖြေပေးရင်း ပရိသတ်တွေကြားထဲ ခုန်ဆင်းသွားတဲ့ စိုင်းစိုင်းရဲ့ ဗီဒီယို

သင်္ကြန်မှာ သီချင်းတွေနဲ့ဖျော်ဖြေပေးရင်း ပရိသတ်တွေကြားထဲ ခုန်ဆင်းသွားတဲ့ စိုင်းစိုင်းရဲ့ ဗီဒီယို

တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်နေသူတစ်ဦးပါပဲ။ စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံမှာ အားပေးသူ ပရိသတ်တွေအများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပြီး အောင်မြင်မှုများစွာကို ဆွတ်ခူးထားနိုင်သူဆိုလဲ မမှားပါဘူး။ စိုင်းစိုင်းခမ်းလှိုင်ကို လူကြီး လူငယ်မရွေးကြိုက်နှစ်သက်ကြပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ရရှိထားခဲ့ရတဲ့ စိုင်းစိုင်းကတော့ ဧပြီလ (၁) ရက်နေ့မှာကျရောက်တဲ့ Birthday Show ပွဲမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားခဲ့ရတဲ့ သူကတော့ ယခုကျရောက်တဲ့ သင်္ကြန်ပွဲမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုများစွာကို ရရှိခဲ့ပြန်ရတာပဲ ဖြစ်ပါတယ်။

သင်္ကြန်မှာ ချစ်တဲ့ပရိသတ်တွေကို သီချင်းတွေနဲ့ သီဆိုဖျော်ဖြေပေးရင်း ပရိသတ်တွေကြားထဲ ခုန်ဆင်းသွားတဲ့ စိုင်းစိုင်းကတော့ သူရဲ့ပရိသတ်နဲ့ အမြဲတမ်းတသားတည်းပါပဲနော်။ မြန်မာသက္ကရာဇ် ၁၃၈၀/၈၁ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ညနေပိုင်း BlackJack ရေကစားမဏ္ဍပ်မှာ သီဆိုဖျော်ဖြေခဲ့တဲ့ စိုင်းစိုင်း ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။

သင်္ကြန်မှာ သီချင်းတွေနဲ့ အားရပါးရ သီဆိုဖျော်ဖြေပေးရင်း ပရိသတ်တွေကြား ပြေးခုန်ဆင်းသွားခဲ့တဲ့ စိုင်းစိုင်းရဲ့ ဗီဒီယိုဖိုင်လေးကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

သင်္ကြန်မှာ သီချင်းတွေနဲ့ဖျော်ဖြေပေးရင်း ပရိသတ်တွေကြားထဲ ခုန်ဆင်းသွားတဲ့ စိုင်းစိုင်းရဲ့ video

စိုင်းစိုင်းကတော့ အသက် (၄၀) ပြည့်သွားပြီဆိုပေမယ့် လူငယ်လေးတစ်ယောက်လို တက်ကြွနေတုန်းပဲနော်။ သင်္ကြန်မှာ ချစ်တဲ့ပရိသတ်တွေကို သီချင်းတွေများစွာနဲ့ အားရပါးရ သီဆိုဖျော်ဖြေပေးရင်း ပရိသတ်တွေကြားထဲ ပြေးခုန်ဆင်းသွားခဲ့တဲ့ စိုင်းစိုင်းရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ရင်း သဘောကျ ကြည်နူးမိတယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် ချစ်ပရိသတ်ကြီးရေ။

Ref: 7th Sense Creation’s Facebook

Comments are closed.