(၂၀၁၉) ခုႏွစ္အတြက္ ခရီးသြားလာရန္မသင့္တဲ့ ကမာၻ႕အႏ ၱရာယ္အမ်ားဆံုးႏိုင္ငံမ်ား

(၂၀၁၉) ခုႏွစ္အတြက္ ခရီးသြားလာရန္မသင့္တဲ့ ကမာၻ႕အႏ ၱရာယ္အမ်ားဆံုးႏိုင္ငံမ်ား

ကမာၻတစ္၀ွမ္းမွာရွိတဲ့ျပည္သူေတြ ေဘးအႏ ၱရာယ္လံုျခံဳစိတ္ခ်စြာနဲ႔ ခရီးသြားလာႏိုင္ဖို႔ International SOS and Control Risks က ခရီးသြားဖို႔ အႏ ၱရာယ္မ်ားလြန္းတဲ့ ႏိုင္ငံေတြကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါေၾကာင့္မို႔လို႔ စာဖတ္သူေတြအေနနဲ႔ (၂၀၁၉) မွာ ျပည္ပခရီးသြားဖို႔ အစီအစဥ္ရွိခဲ့ရင္ ေအာက္မွာေဖာ္ျပထားတဲ့ ႏိုင္ငံေတြဆုိရင္ သတိထားၾကဖို႔ျဖစ္ပါတယ္။

အႏၱရာယ္မ်ားတယ္လို႔ဆိုတာက အစိုးရရဲ႕ အုပ္ခ်ဳပ္ေရးအာဏာစက္ သက္ေရာက္မႈနည္းၿပီး တရားဥပေဒစိုးမိုးမႈအားနည္းတဲ့ ႏိုင္ငံေတြကို ဆိုလိုတာပါ။ အထူးသျဖင့္ လက္နက္ကိုင္ အၾကမ္းဖက္ သူပုန္ေတြက အုပ္စုလိုက္ဖြဲ႔ ေသာင္းက်န္းၿပီး လူေတြကို တိုက္ခိုက္တာ၊ ေန႔ညမေရြး အဓိကရုဏ္းေတြထျဖစ္တာနဲ႔ ေနရာေတာ္ေတာ္မ်ားမ်ားမွာ လမ္းပန္းဆက္သြယ္ေရး အဆင္မေျပျဖစ္တဲ့ အေနအထားေတြကို ဆိုလိုတာ ျဖစ္ပါတယ္။ သတိထားစရာ ဒီႏိုင္ငံေတြကေတာ့ အီဂ်စ္၊ ဆီးရီးယား၊ မာလီနဲ႔ လစ္ဗ်ားႏိုင္ငံတို႔ပဲ ျဖစ္ပါတယ္။

အီဂ်စ္ရဲ႕ ေျမာက္ဘက္ဆိုင္းႏိုင္းဘက္မွာဆိုရင္ ရာဇ၀တ္မႈအေရအတြက္ဟာ သိသိသာသာၾကီး တိုးတက္လာတယ္လို႔ ဆိုပါတယ္။ ရဲအရာရွိေတြနဲ႔ လံုျခံဳေရးအရာရွိေတြကို အၾကမ္းဖက္သမားေတြက တိုက္ခိုက္တာေၾကာင့္ လူအေသအေပ်ာက္ေတြလည္း ရွိေနပါတယ္။ ဆီရီးယားႏိုင္ငံရဲ႕ အေျခအေနကေတာ့ ၿပိဳကြဲပ်က္စီးေနတာ ဆယ္စုႏွစ္ထက္၀က္ေက်ာ္ေလာက္ ရွိေနခဲ့ပါၿပီ။ လူ႔အသက္ကို တန္ဖိုးမထားတဲ့ႏိုင္ငံျဖစ္သလို ႏိုင္ငံတြင္းျဖစ္ပြားတဲ့ ပဋိပကၡေတြမွာလည္း ကေလးေပါင္း (၅၅,၀၀၀) အပါအ၀င္ လူေပါင္း (၄၇၀,၀၀၀) ေလာက္ အသက္ေပးခဲ့ရၿပီး ျဖစ္ပါတယ္။

လက္ရွိမွာလည္း လက္နက္အေသးသံုးတိုက္ခိုက္မႈေတြ၊ စစ္တပ္ေတြနဲ႔ ဓာတုလက္နက္အသံုးျပဳမႈေတြေၾကာင့္ လံုး၀မသြားသင့္တဲ့ ႏိုင္ငံတစ္ႏိုင္ငံပဲ ျဖစ္ပါတယ္။ မာလီကေတာ့ အာဖရိကန္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ မာလီႏိုင္ငံၿမိဳ႕ေတာ္ ဘိုမာကိုမာဆိုရင္ ႏိုင္ငံျခားသားေတြ အ၀င္အထြက္မ်ားတဲ့ ေနရာေတြကိုမွ ေရြးၿပီး တိုက္ခိုက္တဲ့ တုိက္ခိုက္မႈေတြ ရွိေနပါတယ္။ အထူးသျဖင့္ ျပန္ေပးမႈအမ်ိဳးမ်ိဳးကလည္း ေမာ့ပ္ပီၿမိဳ႕ေျမာက္ပိုင္းေနရာေတြမွာ ျဖစ္ပြားေနတဲ့အျပင္ အၾကမ္းဖက္ဗံုးခြဲတိုက္ခိုက္မႈေတြလည္း ရွိေနဆဲပါပဲ။ လစ္ဗ်ားကေတာ့ လံုး၀ကို မသြားသင့္တဲ့ ႏိုင္ငံပါ။ ဂါဒါဖီျပဳတ္က်ၿပီးကတည္းက ႏိုင္ငံဟာ ၀ရုန္းသုန္းကားျဖစ္ေနခဲ့တာပါ။ ႏိုင္ငံထဲ အယ္လ္ကိုင္းဒါးစစ္ေသြးၾကြကလည္း အံုၾကြေနတာမို႔ အခ်ိန္မေရြး အသက္အႏ ၱရာယ္ထိခိုက္မႈေပးႏိုင္တဲ့ ႏိုင္ငံျဖစ္ပါတယ္။

အသက္အႏ ၱရာယ္ကို လံုးလံုးၾကီး ထိခိုက္ႏုိင္တဲ့ ႏုိင္ငံမဟုတ္ေပမယ့္ သြားလာတဲ့အခါ သတိၾကီးၾကီး ထားသင္တဲ့ ႏိုင္ငံေတြလည္း ရွိပါေသးတယ္။ အဲဒီႏိုင္ငံေတြကေတာ့ တူရကီ၊ မကၠစီကိုနဲ႔ တူနီးရွားႏုိင္ငံေတြပဲ ျဖစ္ပါတယ္။ ၄င္းေနရာေတြမွာေတာ့ ဆႏၵျပမႈတာေတြ၊ လူမ်ိဳးေရးျပႆနာေတြက မၾကာခဏျဖစ္ပြားတတ္ေလ့ရွိၿပီး စိတ္မထင္ရင္ ႏိုင္ငံျခားသားေတြကိုပါ ေခၚၿပီး စစ္ေဆးေမးျမန္းတာမ်ိဳးေတြ ရွိတတ္ပါတယ္။ ဂ်ေမကာႏုိင္ငံကေတာ့ အလယ္အလတ္တန္းအဆင့္ အႏ ၱရာယ္မ်ားတဲ့ ႏိုင္ငံထဲ ပါ၀င္ပါတယ္။ ႏိုင္ငံျခားသားဧည့္သည္ေတြအဖို႔ သြားေရးလာေရးက ကိစၥမရွိေပမယ့္ ေက်ာမလံုတဲ့ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္တာေၾကာင့္ပါ။ ေန႔ဘက္မွာေတာင္ လုယက္သူေတြမ်ားလို႔ ခရီးသည္ေတြကုိ လက္ထဲ ပိုက္ဆံမ်ားမ်ားထည့္မသယ္ၾကဖို႔နဲ႔ အဖိုးတန္လက္၀တ္လက္စားေတြ မ၀တ္ဖို႔ အထိေတာင္ သတိေပးထားရတဲ့ ဆိုး၀ါးလြန္းတဲ့ ႏုိင္ငံတစ္ႏိုင္ငံပဲ ျဖစ္ပါတယ္။

ကမာၻ႕အႏၱရာယ္အမ်ားဆံုးေနရာေတြကို ေဖာ္ျပေပးၿပီးၿပီဆိုေတာ့ သြားလာလို႔ လံုျခံဳစိတ္ခ်ရတဲ့ အႏ ၱရာယ္ကင္းတဲ့ ႏိုင္ငံေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ အဂၤလန္၊ ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံေတြဟာ ကမာၻလွည့္ခရီးသည္ေတြအတြက္ လည္ပတ္လို႔ ေကာင္းတဲ့ ႏိုင္ငံေတြလို႔ေတာ့ ဆိုပါတယ္။ ဒါေပမယ့္ သူတို႔ထက္ပိုၿပီး တရားဥပေဒစိုးမိုးမႈရွိကာ ခရီးသည္ေတြကို ေနာက္ေက်ာလံုလံုနဲ႔ စိတ္ေအးသက္သာစြာ အပန္းေျဖအလည္သြားႏိုင္တဲ့ ႏိုင္ငံေကာင္းေတြကေတာ့ ဆြစ္ဇာလန္၊ စလိုေဗးနီးယား၊ ဒိန္းမတ္၊ ေနာ္ေ၀၊ ဖင္လန္နဲ႔ အုိက္စ္လန္ႏိုင္ငံတို႔ျဖစ္ေၾကာင္း ေဖာ္ျပေပးလိုက္ရပါတယ္။

လင္းလင္း (ShweMom)

Ref: Mirror

[Unicode]

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ပြည်သူတွေ ဘေးအန ္တရာယ်လုံခြုံစိတ်ချစွာနဲ့ ခရီးသွားလာနိုင်ဖို့ International SOS and Control Risks က ခရီးသွားဖို့ အန ္တရာယ်များလွန်းတဲ့ နိုင်ငံတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ စာဖတ်သူတွေအနေနဲ့ (၂၀၁၉) မှာ ပြည်ပခရီးသွားဖို့ အစီအစဉ်ရှိခဲ့ရင် အောက်မှာဖော်ပြထားတဲ့ နိုင်ငံတွေဆိုရင် သတိထားကြဖို့ဖြစ်ပါတယ်။

အန္တရာယ်များတယ်လို့ဆိုတာက အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာစက် သက်ရောက်မှုနည်းပြီး တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ နိုင်ငံတွေကို ဆိုလိုတာပါ။ အထူးသဖြင့် လက်နက်ကိုင် အကြမ်းဖက် သူပုန်တွေက အုပ်စုလိုက်ဖွဲ့ သောင်းကျန်းပြီး လူတွေကို တိုက်ခိုက်တာ၊ နေ့ညမရွေး အဓိကရုဏ်းတွေထဖြစ်တာနဲ့ နေရာတော်တော်များများမှာ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဖြစ်တဲ့ အနေအထားတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ သတိထားစရာ ဒီနိုင်ငံတွေကတော့ အီဂျစ်၊ ဆီးရီးယား၊ မာလီနဲ့ လစ်ဗျားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။

အီဂျစ်ရဲ့ မြောက်ဘက်ဆိုင်းနိုင်းဘက်မှာဆိုရင် ရာဇဝတ်မှုအရေအတွက်ဟာ သိသိသာသာကြီး တိုးတက်လာတယ်လို့ ဆိုပါတယ်။ ရဲအရာရှိတွေနဲ့ လုံခြံုရေးအရာရှိတွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်တာကြောင့် လူအသေအပျောက်တွေလည်း ရှိနေပါတယ်။ ဆီရီးယားနိုင်ငံရဲ့ အခြေအနေကတော့ ပြိုကွဲပျက်စီးနေတာ ဆယ်စုနှစ်ထက်ဝက်ကျော်လောက် ရှိနေခဲ့ပါပြီ။ လူ့အသက်ကို တန်ဖိုးမထားတဲ့နိုင်ငံဖြစ်သလို နိုင်ငံတွင်းဖြစ်ပွားတဲ့ ပဋိပက္ခတွေမှာလည်း ကလေးပေါင်း (၅၅,၀၀၀) အပါအဝင် လူပေါင်း (၄၇၀,၀၀၀) လောက် အသက်ပေးခဲ့ရပြီး ဖြစ်ပါတယ်။

လက်ရှိမှာလည်း လက်နက်အသေးသုံးတိုက်ခိုက်မှုတွေ၊ စစ်တပ်တွေနဲ့ ဓာတုလက်နက်အသုံးပြုမှုတွေကြောင့် လုံးဝမသွားသင့်တဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ မာလီကတော့ အာဖရိကန်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မာလီနိုင်ငံမြို့တော် ဘိုမာကိုမာဆိုရင် နိုင်ငံခြားသားတွေ အဝင်အထွက်များတဲ့ နေရာတွေကိုမှ ရွေးပြီး တိုက်ခိုက်တဲ့ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ပြန်ပေးမှုအမျိုးမျိုးကလည်း မော့ပ်ပီမြို့မြောက်ပိုင်းနေရာတွေမှာ ဖြစ်ပွားနေတဲ့အပြင် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွေလည်း ရှိနေဆဲပါပဲ။ လစ်ဗျားကတော့ လုံးဝကို မသွားသင့်တဲ့ နိုင်ငံပါ။ ဂါဒါဖီပြုတ်ကျပြီးကတည်းက နိုင်ငံဟာ ၀ရုန်းသုန်းကားဖြစ်နေခဲ့တာပါ။ နိုင်ငံထဲ အယ်လ်ကိုင်းဒါးစစ်သွေးကြွကလည်း အုံကြွနေတာမို့ အချိန်မရွေး အသက်အန ္တရာယ်ထိခိုက်မှုပေးနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

အသက်အန ္တရာယ်ကို လုံးလုံးကြီး ထိခိုက်နိုင်တဲ့ နိုင်ငံမဟုတ်ပေမယ့် သွားလာတဲ့အခါ သတိကြီးကြီး ထားသင်တဲ့ နိုင်ငံတွေလည်း ရှိပါသေးတယ်။ အဲဒီနိုင်ငံတွေကတော့ တူရကီ၊ မက္ကစီကိုနဲ့ တူနီးရှားနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ၄င်းနေရာတွေမှာတော့ ဆန္ဒပြမှုတာတွေ၊ လူမျိုးရေးပြဿနာတွေက မကြာခဏဖြစ်ပွားတတ်လေ့ရှိပြီး စိတ်မထင်ရင် နိုင်ငံခြားသားတွေကိုပါ ခေါ်ပြီး စစ်ဆေးမေးမြန်းတာမျိုးတွေ ရှိတတ်ပါတယ်။ ဂျမေကာနိုင်ငံကတော့ အလယ်အလတ်တန်းအဆင့် အန ္တရာယ်များတဲ့ နိုင်ငံထဲ ပါ၀င်ပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေအဖို့ သွားရေးလာရေးက ကိစ္စမရှိပေမယ့် ကျောမလုံတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့်ပါ။ နေ့ဘက်မှာတောင် လုယက်သူတွေများလို့ ခရီးသည်တွေကို လက်ထဲ ပိုက်ဆံများများထည့်မသယ်ကြဖို့နဲ့ အဖိုးတန်လက်ဝတ်လက်စားတွေ မဝတ်ဖို့ အထိတောင် သတိပေးထားရတဲ့ ဆိုးဝါးလွန်းတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အန္တရာယ်အများဆုံးနေရာတွေကို ဖော်ပြပေးပြီးပြီဆိုတော့ သွားလာလို့ လုံခြံုစိတ်ချရတဲ့ အန ္တရာယ်ကင်းတဲ့ နိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။ အင်္ဂလန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် လည်ပတ်လို့ ကောင်းတဲ့ နိုင်ငံတွေလို့တော့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ထက်ပိုပြီး တရားဥပဒေစိုးမိုးမှုရှိကာ ခရီးသည်တွေကို နောက်ကျောလုံလုံနဲ့ စိတ်အေးသက်သာစွာ အပန်းဖြေအလည်သွားနိုင်တဲ့ နိုင်ငံကောင်းတွေကတော့ ဆွစ်ဇာလန်၊ စလိုဗေးနီးယား၊ ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန်နဲ့ အိုက်စ်လန်နိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Comments are closed.