
ခါးဘေးတစ်လျှောက်က အမိုက်စား တက်တူးကြီးကို သေသေချာချာ ပြသလိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယို
ပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမကိုယ်သူမ အမြဲ ယုံကြည်မှုရှိပြီး တက်ကြွလန်းဆန်းနေတတ်တဲ့ ဆွဲဆောင်မှုရှိလွန်းသူလေး တစ်ဦးပါ။ အမြဲလိုလို စိတ်ဝင်စားစရာကောင်းတဲ့ အမိုက်စား ဖက်ရှင်တွေနဲ့ ပွဲတက်လေ့ရှိတဲ့ သင်ဇာလေးကတော့ ပရိသတ်တွေရဲ့ စိတ်အာရုံကို အမြဲဖမ်းစားထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ခါးဘေးက ဆွဲဆောင်မှုရှိလှတဲ့ တက်တူးလေးကို အနီးကပ်ပြသထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ဘယ်လိုနေနေ ညို့အားပြင်းလွန်းတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
သင်ဇာလေးကတော့ “Summer vibes 🌴🏖🌊☀️🌈” ဆိုပြီး သူမရဲ့ချစ်စဖွယ်ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး တစ်ခြားသောအနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း သူမရဲ့ ခါးဘေးက အမိုက်စား တက်တူးလေးကို အနီးကပ် ပြသလိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Source:Thinzar Wint Kyaw’s Facebook