အင်းယားကန်ဘောင်မှာ ပုသိမ်ထီးနဲ့ ဓာတ်ပုံရိုက်မိလို့ ဝေဖန်ခံနေရတဲ့ သင်းသင်း

အင်းယားကန်ဘောင်မှာ ပုသိမ်ထီးနဲ့ ဓာတ်ပုံရိုက်မိလို့ ဝေဖန်ခံနေရတဲ့ သင်းသင်း

မော်ဒယ်သင်းသင်းတစ်ယောက် သြင်္ကန်အကြတ်နေ့မှာ အင်းယားကန်ဘောင် မှာပဲ သူငယ်ချင်းတွေနဲ့ အတူ လျောက်လည်ရင်း ပုသိမ်ထီးလေးကို ကိုင်ကာ အမှတ်တရဓာတ်ပုံရိုက်ကူးရာမှ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် အဖြစ်နဲ့ ကြုံရပါတော့ တယ် ပရိသတ်ကြီးရေ။ အကြတ်နေ့ရဲ့ ရုပ်ဆိုးအကျဉ်းတန်ဆုံးနဲ့ ဝေဖန်ခံရဆုံး သတင်း တစ်ရပ်ကတော့ အင်းယားကန်ဘောင်ပေါ်က အလှဆင်ထားတဲ့ ပုသိမ်ထီးတွေကို လည်ပတ်သူတွေက ဖြုတ်ယူသွားကြတဲ့ ကိစ္စပါပဲ။

မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကို ပိုမိုစည်ကားပြီး လှပစေချင်တဲ့ ဆန္ဒနဲ့ ပွဲစီစဉ်သူတွေက အလှဆင်ပေးပေမယ့် စည်းကမ်းမဲ့သူတွေကြောင့် အကျဉ်းတန်ခဲ့ရတဲ့ ဒီလျောက်လမ်း လေးကို ဝေဖန်သူတွေများနေချိန်မှာပဲ သင်းသင်းတစ်ယောက် ပုသိမ်ထီးအပြာရောင် လေးကို ကိုင်ပြီး သူငယ်ချင်းတွေနဲ့ အမှတ်တရဓာတ်ဖမ်းလိုက်တာမို့ ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။

သူမကိုယ်တိုင်လည်း ဒါကို ဖြစ်ပါစေတော့ဆိုတဲ့စိတ်နဲ့ရည်ရွယ်ပြီးလုပ်တာမဟုတ်သော်ငြား အချိန်အခါသင့်သွားတာကြောင့် အခုလိုပြောဆိုနေကြတာပဲဖြစ်ပါတယ်။ ထီး အလက် ၁၀၀၀ ကျော်ကို ဖြုတ်ယူသွားကြတာဖြစ်ပီး လက်ရှိမှာတော့ ထီးအလက် ၈၀၀ ပြန်လည်ရရှိပြီး ညတွင်းချင်းပဲ တပ်ဆင်နေတယ်လို့လည်းသိရပါတယ်။ မြို့တော် စည်ပင်သာယာဖို့ဆိုတာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတာမို့ အခုလိုလုပ်ရပ်တွေကို နောက်နောင်သေချာပေါက်ဆင်ခြင်ရမှာပါ။ သင်းသင်းတစ်ယောက်တေကာ့ အချိန် အခါတိုက်ဆိုင်သွားတာမို့ ဝေဖန်ခံရသူဖြစ်သွားခဲ့ပါတယ်။

Photo – May Thet Aung

Comments are closed.