နေရာတော်တော်များများမှာ ” မင်းစော်ထက် ငါ့စော်က ပိုမိုက်တယ် ” ဆိုတဲ့ သီချင်းသံတွေကြောင့် ပီတိဖြစ်နေတဲ့ G-Fatt

နေရာတော်တော်များများမှာ ” မင်းစော်ထက် ငါ့စော်က ပိုမိုက်တယ် ” ဆိုတဲ့ သီချင်းသံတွေကြောင့် ပီတိဖြစ်နေတဲ့ G-Fatt

Frenzo Artists တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဂျွန်၊ ဘန်နီဖြိုး၊ Snare ၊ G-Fatt နဲ့ ကိကိတို့ 7 ယောက် ပူးပေါင်းဖန်တီးထားတဲ့ ” ငါ့ရည်းစားကပိုမိုက်တယ် ” သီချင်းဟာ ဒီ 2019 သြင်္ကန်မှာတော့ နေရာတိုင်းမှာလိုလို ဖွင့်တဲ့ အလန်းစားသီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါ တယ်။ မြူးကြွတဲ့သံစဉ်တွေနဲ့ အမိုက်စား ဖန်တီးမှု MTV ကြောင့်လည်း ပရိသတ်တွေ တော်တော်များများအကြိုက်တွေ့ခဲ့တာပဲဖြစ်ပါတယ်။

ကိုယ့်ချစ်သူကောင်မလေးကို အမွှန်းတင်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ပြောကြတဲ့ ချစ်စရာကောင်းတဲ့ ဖန်တီးမှုလေးပါပဲ။ ဒီသီချင်းကို 7 ယောက်သား အပြတ် အသတ်တွေလန်းအောင် သီဆိုထားတာဖြစ်ပြီး ပရိသတ်တွေရဲ့အကြိုက်နဲ့လည်း ထပ်တူကျ ခဲ့တာမို့ အောင်မြင်တဲ့သီချင်းတစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။

ဒီသြင်္ကန်ရဲ့ Trend လို့တောင်ဆိုနိုင်ပါသေးတယ်။ ဒီသီချင်းသံတွေ ပျံ့လွင့်နေတာနဲ့ ပက်သက်ပြီး G-Fatt တစ်ယောက် ” နေရာတော်တော်များများမှာ မင်းဆော်ထက် ငါ့ဆော် ပိုမိုက်တယ် ဆိုတာ ချည်းပဲ…. လုံးဝ မိုက်တယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။ အလန်းစားသီချင်းလေးက သြင်္ကန်နဲ့ ကွက်တိဖြစ်သွားတာပေါ့နော်။

Photo – Frenzo Artists

Comments are closed.