ယနေ့ရုံးထုတ်စစ်ဆေးချိန်မှာ သတိလစ်မေ့လဲသွားတဲ့ သရုပ်ဆောင် ရဲတိုက်

သဘာဝကျပြီး ထိမိပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေအကြား ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ မင်းသားတစ် ဦးလို့ ဆိုလာရင်တော့ မင်းသားရဲတိုက် ကိုပဲဆိုရမှာဖြစ်ပါတယ်။သူဟာ တကယ်ကို သဘာဝဆန်တဲ့ အနုပညာဖန်တီးမှုများကြောင့် စတင်ရေ ပန်းစားကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အာဏာထိန်းချုပ်မှုဖြစ်စဉ်တွင် ပြည်သူနှင့်တစ်သားတည်းရပ်တည်ကာ တော်လှန်ရေးလုပ် ငန်းအချို့ကို လှုပ်ရှားဆောင်ရွက်ခဲ့မှုကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။’

အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်မနက်ပိုင်းက ရုံးထုတ်စဉ် မေ့မြောသွားတဲ့သရုပ်ဆောင်ရဲတိုက်ကို စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသပေးခဲ့ပါတယ်။

ဒေါက်တာမော်မော်ဦးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရပြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်ဆေးရုံ ကြီးက ပါမောက္ခဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်။

Advertisement

ရဲတိုက်လိုပဲ ဒီနေ့ အထူးတရားရုံး(လသာတရားခွင်)မှာ သူ့ကိုစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အမှုအတွက် ရုံးချိန်းမှာ ထွက်ဆိုနေစဉ် ခုလို ကုသမှုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို အရေးပေါ်ကုသပေးလိုက်နိုင်တဲ့နောက်မှာ ရဲတိုက်ကို ထောင်အာဏာပိုင်တွေက အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းမှာတော့ သူဟာ အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရတယ်လို့ သူ့ရှေ့နေအဖွဲ့ကပြောပါတယ်။

[zawgyi]

သဘာဝက်ၿပီး ထိမိပိုင္ႏိုင္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိတ္သတ္ေတြအၾကား ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိခဲ့တဲ့ မင္းသားတစ္ ဦးလို႔ ဆိုလာရင္ေတာ့ မင္းသားရဲတိုက္ ကိုပဲဆိုရမွာျဖစ္ပါတယ္။သူဟာ တကယ္ကို သဘာဝဆန္တဲ့ အႏုပညာဖန္တီးမႈမ်ားေၾကာင့္ စတင္ေရ ပန္းစားေက်ာ္ၾကားခဲ့တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။

Advertisement

သူဟာ ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ အာဏာထိန္းခ်ဳပ္မႈျဖစ္စဥ္တြင္ ျပည္သူႏွင့္တစ္သားတည္းရပ္တည္ကာ ေတာ္လွန္ေရးလုပ္ ငန္းအခ်ိဳ႕ကို လႈပ္ရွားေဆာင္႐ြက္ခဲ့မႈေၾကာင့္ စစ္ေကာင္စီရဲ႕ ဖမ္းဆီးထိန္းသိမ္းျခင္းကိုခံေနရတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။’

အင္းစိန္ေထာင္တြင္းအထူးတရား႐ုံးမွာ ဒီေန႔ ဒီဇင္ဘာ ၁၅ ရက္မနက္ပိုင္းက ႐ုံးထုတ္စဥ္ ေမ့ေျမာသြားတဲ့သ႐ုပ္ေဆာင္ရဲတိုက္ကို စစ္ေကာင္စီရဲ႕ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ဆရာဝန္ႀကီး ေဒါက္တာေမာ္ေမာ္ဦးက အေရးေပၚကုသေပးခဲ့ပါတယ္။

ေဒါက္တာေမာ္ေမာ္ဦးဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးခံထားရၿပီး ပုဒ္မ ၅၀၅-က နဲ႔ တရားစြဲဆိုခံထားရတဲ့ ရန္ကုန္ေဆး႐ုံ ႀကီးက ပါေမာကၡဆရာဝန္ႀကီးတစ္ဦးျဖစ္ပါတယ္။

ရဲတိုက္လိုပဲ ဒီေန႔ အထူးတရား႐ုံး(လသာတရားခြင္)မွာ သူ႔ကိုစြဲဆိုထားတဲ့ ပုဒ္မ ၅၀၅-က အမႈအတြက္ ႐ုံးခ်ိန္းမွာ ထြက္ဆိုေနစဥ္ ခုလို ကုသမႈေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Advertisement

အဲဒီလို အေရးေပၚကုသေပးလိုက္ႏိုင္တဲ့ေနာက္မွာ ရဲတိုက္ကို ေထာင္အာဏာပိုင္ေတြက အင္းစိန္ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ၿပီး ဒီဇင္ဘာ ၁၅ ရက္ညေနပိုင္းမွာေတာ့ သူဟာ အင္းစိန္ေထာင္ကို ျပန္လည္ပို႔ေဆာင္ခံခဲ့ရတယ္လို႔ သူ႔ေရွ႕ေနအဖြဲ႕ကေျပာပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*