မျက်နှာအသားအရေထိခိုက်ပေမယ့် နောက်ဆုံးနေ့မှာတော့ အပြတ်တွေကဲမယ်ဆိုတဲ့ နန်းဆုရတီစိုး

မျက်နှာအသားအရေထိခိုက်ပေမယ့် နောက်ဆုံးနေ့မှာတော့ အပြတ်တွေကဲမယ်ဆိုတဲ့ နန်းဆုရတီစိုး

နန်းဆုတစ်ယောက် သြင်္ကန်မတိုင်ခင်တကည်းက မျက်စိအနည်းငယ်ထိခိုက်ထားပြီး မျက်လုံးလေး ရဲနေတာကြောင့် သူမရဲ့ပရိသတ်တွေက စိတ်ပူခဲ့ကြပါသေးတယ်။ မနေ့က အကြတ်နေ့မှာတော့ နန်းဆုတစ်ယောက် အသေအကြေကဲလိုက်တာမို့ မျက်နှာ ကနေလောင်ပြီး အနည်းငယ်နီစပ်စပ်ဖြစ်ကာ ဝက်ခြံတစ်ဖုလည်းထွက်လာတယ်ဆိုပြီး သူမရဲ့ Facebook My Day မှာ Video လေးနဲ့ ပြောခဲ့ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံးနေ့ကိုတော့ အပြတ်ကဲမှာဖြစ်ပြီး ညကိုးနာရီထိ သူငယ်ချင်း တွေနဲ့ ပျော်မယ် လို့လည်းဆိုပါသေးတယ်။ သီချင်းဆို ကားနဲ့လည် မဏ္ဍပ်ထိုင်ပြီး ညဖက် မှာတော့ ဘော်ဒါ တွေနဲ့ ကဲမှာဖြစ်တယ်လို့ဆိုပါတယ်။ တစ်နှစ်မှတစ်ခါ ရောက်လာတဲ့ ဒီသြင်္ကန်လေးမှာ အားလုံးက ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြတာ သဘာဝပါပဲ။

သူမကချစ်တဲ့ သူမကိုချစ်တဲ့ပရိသတ်တွေကို စိတ်မပူစေဖို့နဲ့ အတက်နေ့မှာ ဘယ်လို တွေကဲခဲ့တယ် သွားခဲ့တယ်ဆိုတာကို ပြန်ပြောဖို့လည်း မှာလိုက်ပါသေးတယ်။ လှတဲ့ သူတွေများ နေလောင်ပြီး အသားနီစပ်စပ်လေးဖြစ်နေတာတောင် လှတုန်းနော်။

Video – Nansu Yati Soe

Comments are closed.