ရုပ်ရှင်အတူတူ ရိုက်ကူးနေကြပြီ ဖစ်တဲ့ တိုင်ရွန်နဲ့ နေခြည်ဦးတို့ သူငယ်ချင်းနှစ်ယောက်

ရုပ်ရှင်အတူတူ ရိုက်ကူးနေကြပြီ ဖစ်တဲ့ တိုင်ရွန်နဲ့ နေခြည်ဦးတို့ သူငယ်ချင်းနှစ်ယောက်

Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာအလုပ်တွေကို ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ “ရန်သူ” ဇာတ်ကားကြီးနဲ့လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

နေခြည်ဦးကတော့ လတ်တလောမှာလည်း သူမရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ မော်ဒယ်၊မင်းသား တိုင်ရွန်နဲ့အတူ ရုပ်ရှင်ကားကြီး ရိုက်ကူးနေပြီဖြစ်ပါတယ်။ နေခြည်ဦးကတော့ တိုင်ရွန်နဲ့အတူ “ပုရိသ” ဆိုတဲ့ ရုပ်ရှင်ကားကို ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရိုက်ကွင်းက ဓါတ်ပုံတွေကိုတော့ တိုင်ရွန်က သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ “ပုရိသ ဆိုတဲ့ ကား မနေ့ကစရိုက် ရီနေရတယ် နစ်ယောက်” လို့ရေးထားပြီး တင်ပေးထားတာဖြစ်ပါတယ်။

နေခြည်ဦးနဲ့ တိုင်ရွန်တို့ကတော့ အချိန်အတော်ကြာ သူငယ်ချင်းဖြစ်လာခဲ့ကြသူတွေမို့လို့ ဒီဇာတ်ကားထဲမှာလည်း ဘယ်လို အတွဲညီညီနဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ရမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ တိုင်ရွန်နဲ့ နေခြည်ဦးတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။READတင်တု ခံတယ်ဆိုတဲ့စွပ်စွဲချက်အပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ ၀ါဆိုမိုးဦး

Source: Tyron

Comments are closed.