သီချင်းဆိုရင်း ပုရိသတွေ ရင်ဖိုအောင် ဖမ်းစားခဲ့တဲ့ အိချောပိုရဲ့ သင်္ကြန်အတက်နေ့ မြင်ကွင်း

သီချင်းဆိုရင်း ပုရိသတွေ ရင်ဖိုအောင် ဖမ်းစားခဲ့တဲ့ အိချောပိုရဲ့ သင်္ကြန်အတက်နေ့ မြင်ကွင်း

မင်းသမီးချောလေး အိချောပိုဟာဆိုရင် ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်ပြသနိုင်ခဲ့ပြီး ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေကို ပရိသတ်တွေကြားချပြနိုင်ခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းမှုတွေကို ပရိသတ်တွေကြားချပြနိုင်ခဲ့တဲ့ အိချောပိုဟာဆိုရင် အချိုးကျလှပတဲ့ စွဲမက်ဖွယ်ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့အလှဟာ ပေါ်ပေါ်လွင်လွင်လှပနေတာပဲဖြစ်ပါတယ်။

အိချောပိုကတော့ (၂၀၁၉)ခုနှစ် အတာသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့က Channel K မဏ္ဍပ်မှာ သီချင်းဆို ဖျော်ဖြေရင်း သင်္ကြန်ကို ပရိသတ်တွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

အိချောပိုရဲ့ သင်္ကြန်အတက်နေ့ဖက်ရှင်က အရမ်းကို ချစ်စရာကောင်းပြီး သူမရဲ့ လှပတဲ့ ခန္တာကိုယ်လေးမှာလဲ ချပ်ချပ်ရပ်ရပ်နဲ့ အရမ်းကို လှပနေတာကို တွေ့ရပါတယ်။

အိချောပိုရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးက အမျိုးသားတွေအတွက် ရင်ခုန်ချင်စရာဖြစ်ပြီး မိန်းကလေးတွေအတွက်ကတော့ အားကျစရာပါပဲနော်။

သူမပုံပါတဲ့ အင်္ကျီလေးတွေကို ပရိသတ်တွေဆီ ဝေမျှပေးနေတဲ့ အိချောပို

နည်းနည်းနောနော ပရိသတ်တွေလား

အိချောပိုကတော့ သင်္ကြန်မှာ ချစ်ရတဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးရင်း ပျော်ရွှင်စွာ ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ အိချောပိုရဲ့ လှပတဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Ei Chaw Po’s fb

Comments are closed.