အတုယူ စံထားစရာကောင်းတဲ့ မင်းသား Chow Yun-Fat ရဲ့ ဘ၀အကြောင်း

အတုယူ စံထားစရာကောင်းတဲ့ မင်းသား Chow Yun-Fat ရဲ့ ဘ၀အကြောင်း

Chow Yun-fat ကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုကို ရထားတဲ့ အနုပညာ ရှင် တစ်ေ ယာက်ပါ။(၁၉၅၅)ခုနှစ် မေ (၁၈) မှာ မွေးဖွားခဲ့တာ့ဖြစ်ပြီး Donald Chow ဆိုပြီးတော့လည်း လူသိ များသူပါ။ဟောင် ကောင်မင်းသား Chow Yun-fat ဟာ  အာရှတစ်လွှားမှာတော့ ဒါရိုက်တာ John Woo ရဲ့ အက်ရှင် ဟီးရိုး ဇာတ် ကား တွေနဲ့ နာမည်ကြီးပါတယ်။A Better Tomorrow, The Killer,  Hard Boiled, Crouching Tiger, Pira tes of the Caribbean: At World’s End တို့ကတော့ Chow ရဲ့ နာမည်ကြီးဇာတ်ကားတွေပါ။ Best Actor ဆိုပြီး Hong Kong Film Awards (၃) ဆု ၊Golden Horse Awards (၂)ဆု ရရှိထားသူပါ။

#အောက်သက်ကျေခဲ့သူ

Chow ကိုတော့ ဟောင်ကောင်နားမှာရှိတဲ့ Lamma ကျွန်းမှာ မွေးခဲ့တာပါ။ သူ့ရဲ့ အမေကတော့ ဟင်းသီးဟင်းရွက် တွေ စိုက်ပျိုးတဲ့ စိုက်ပျိုးရေး လုပ်ကိုင်သူ တစ်ယောက်ဖြစ်သလို သန့်ရှင်းရေးသမ တစ်ယောက် အဖြစ် အသက်မွေးခဲ့သူပါ။ဖခင်ဖြစ်သူကတော့ Shell Oil Company tanker မှာ အလုပ်လုပ်ပါတယ်။Chow  ကတော့စိုက်ပျိုးရေးလုပ်ငန်းမှာ ပါဝင် ကူညီရင်း  ကြီးပြင်းခဲ့သူပါ။ကလေးဘ၀မှာ မိုးလင်းမိုးချုပ် အလုပ်လုပ်ကိုင်ခဲ့ရပါတယ်။အသက် (၁၇)နှစ်မှာတော့ မပြေလည် တဲ့ မိသား စုကို ကူညီဖို့ ကျောင်းထွက်ခဲ့ရပါတယ်။ဧည့်ကြိုဝန်ထမ်း အပါအ၀င် စာပို့သမား၊အရောင်းသမား၊တက္ကစီဒရိုင်ဘာ ..အစရှိတဲ့  ကြုံရာကျပန်း အလုပ်ပေါင်းစုံကို လုပ်ကိုင်ပြီး ဘ၀ကို ရုန်းကန်ခဲ့ရသူပါ။

#အနုပညာလောကထဲ ရောက်လာပုံ

သတင်းစာကြော်ငြာ တစ်စောင်က သူ့ဘ၀ကို တစ်ဆစ်ချိုး ပြောင်းလဲ စေခဲ့တာပါ။Chow ရဲ့  သရုပ်ဆောင်သစ် လျှောက်လွှာကိုတော့ TVB ရုပ်သံက လက်ခံပေးခဲ့ပါတယ်။ အဲ့ဒီမှာ (၃)နှစ်စာချုပ်, ချုပ်ခဲ့ရပါတယ်။ ဒါကတော့ သရုပ်ဆောင် လောကထဲကို ရောက်လာခဲ့ပုံပါ။

#အလှူအတန်းရက်ရောလွန်းသူ

လူတွေက Chow ကိုလေးစားရတဲ့အထဲမှာ သူ့ရဲ့ ရက်ရောတဲ့ အချက်ကလည်း တစ်ချက် အပါအ၀င်ပါ။ Moving Pictures ဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပါတယ်။ Louis Vuitton ကုမ္ပဏီကနေ အုပ်ရေ တစ်ထောင် ပုံနှိပ် ထုတ်ဝေပေးခဲ့ပါတယ်။ ရိုက်ကွင်းက ပုံတွေကို သူ့ရဲ့ အတ္ထုပွှတ္တိစာအုပ်မှာ ထည့်သွင်းခဲ့ပါတယ်။ ဒီစာအုပ်ကို HK$1,288 ($226) နဲ့ရောင်းချခဲ့ပါတယ်။ စာအုပ်ကရလာတဲ့ အမြတ်ငွေတွေကိုတော့  Sichuan ငလျင်ဘေးသင့် ပြည်သူ တွေကို ကယ်ဖို့ ဟောင်ကောင်ကြက်ခြေနီအသင်းကို လှူဒါန်းခဲ့ပါတယ်။READပုံအလန်းလေးတွေ တင်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

#Hato တိုက်ဖွန်းကြောင့် ညစ်ပတ်သွားတဲ့ လမ်းတွေကို သန့်ရှင်းရေးလုပ်ခဲ့

သြဂုတ်လ (၂၀၁၇)တုန်းက တိုင်ဖွန်း Hato တိုက်ခတ်မှုကြောင့် ဟောင်ကောင်မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။လမ်းတွေမှာရေကြီး၊သစ်ပင်တွေ လဲပြိုပျက်စီးခဲ့ပါတယ်။သြဂုတ် (၂၃)မှာတော့ Kowloon က လမ်းပေါ် မှာ လဲ ကျနေတဲ့ သစ်ပင်တွေဖယ်ရှာပြီး လမ်းပိတ်ဆို့နေတာတွေကို ရှင်းလင်းနေတဲ့ လူတစ်ယောက်ကို ဒေသခံ တစ်ေ ယာက် ကမြင်လိုက်ပါတယ်။ရှင်းလင်းရေးတွေလုပ်နေသူကတော့ တခြားသူမဟုတ်ပါဘူး။Chow Yun-Fat ပါ။အခုလို ရှင်းလင်းပေးတဲ့ အတွက် တခြားသူတွေအားလုံး အေးအေးဆေးဆေးသွားလာနိုင်ခဲ့ပါတယ်။

#သာမန်လူတွေလိုပဲpublic transportation အသုံးပြု

တခြားဆယ်လီတွေ ကားအကောင်းစားတွေစီးနေချိန်မှာChow Yun-Fat ကတော့ ပုံမှန်အချိန်တွေမှာ  သာ မန်လူေ တွလိုပဲ public transportation ကို အသုံးပြုပါတယ်။ဘာကြောင့် သာမန်လူတွေလို ဘတ်စ်ကား၊မြေ အောက် ရထားကို သုံးနေရသလဲ ဆိုတဲ့ အကြောင်းပြချက်ရှိပါတယ်။ဟောင်ကောင်က လမ်းတွေ က အရမ်းကျပ်တော့ ဟိုနား ဒီနား လောက်ဆိုရင်ရထားက ပိုမြန်တယ်လို့ ပြောခဲ့ပါတယ်။ public transportation ကို သုံးတာက ကိုယ်ပိုင် ကား မောင်းပြီး သွားလာရတာထက်ပိုပြီး သက်သောင့်သက်သာရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

#ဈေးကြီးဆိုင်ထက် လမ်းဘေးဆိုင်ကို အားပေးသူ

လူအများစုကတော့ သူ့လို ချမ်းသာနေရင် ဈေးကြီးတယ်ဆိုတဲ့စားသောက်ဆိုင်မျိုးမှာ စတိုင်ကျကျ စားကြမှာ သေ ချာပါတယ်။ဒါပေမယ့် Chow Yun-Fat ကတော့ ထူးဆန်းပါတယ်။တခြားသူတွေနဲ့ မတူပဲ  ဈေးကြီးတဲ့ စား သော က်ဆိုင်တွေထက် လမ်းဘေးဆိုင်တွေကို ပိုအားပေးသူပါ။လမ်းဘေးဆိုင်တွေက ပိုပြီး အာဟာရရှိတယ်ဆိုပြီး ပြော ခဲ့ပါတယ်။တကယ်လည်း ဆိုင်အကြီးကြီးတွေထက် ဆိုင်သေးသေးလေးတွေမှာပဲ စားတတ်တာကို တွေ့ရပါတယ်။

#discount ဆိုင်တွေမှာ ၀င်တိုးသူ

ဒီလောက်ချမ်းသာနေတဲ့ သူက Brand ဆိုင်တွေမှာ ကျော့ကျော့လေးနဲ့ ဈေးမ၀ယ်ပဲ ဈေးလျှော့ပေးတဲ့ discount ဆိုင်တွေမှာ ၀င်တိုးတယ်လို့ ပြောရင် ယုံရခက်နိုင်ပါတယ်။ဒါပေမယ့် Chow ကတော့ အဲ့လို လူစား မျိုးပါ။တခြား ဆယ်လီ တွေ၊လူချမ်းသာတွေက ဘယ်လို Brand ဆိုင်တွေမှာ ၀င်တိုးတိုး သူကတော့ discount အ၀တ်ဆိုင်တွေမှာ ဈေးဝယ်တတ်သူပါ။ တခြားလူချမ်းသာဆယ်လီတွေက သူတို့ဝတ်တဲ့ အ၀တ် အစား ဘယ်လို Brand ဘယ်လောက် တန်တယ်ဆိုပြီး ကြွားနေချိန်မှာ Chow ရဲ့ တီရှပ်ကစင်ကာပူဒေါ်လာ (၁၉) ဒေါ်လာ နဲ့ ဖိနပ် ကတော့ စင်ကာပူ ဒေါ်လာ (၃)ဒေါ်လာပါ။

#Nokia phone ကို (17)နှစ်ကြာကိုင်

ပိုက်ဆံလေး လက်ထဲနည်းနည်း ရှိတာနဲ့ နောက်ဆုံးပေါ်ါ် Brand ကို ပြေးကိုင်လိုက်မယ်ဆိုတဲ့သူတွေထဲမှာ လုံးဝ လုံးဝ မပါပါဘူး။Chow ကတော့ နောက်ဆုံးပေါ် ဖုန်း မကိုင်ရလို့ စိတ်မကောင်းဖြစ် သိမ်ငယ်နေတဲ့ သူမျိုး မဟုတ်ပါဘူး။ Nokia flip ဖုန်းကို (၁၇)နှစ်လောက်ကိုင်ခဲ့ပါတယ်။နောက်ဆုံး လုံးဝကို ပျက်ပြီး သုံးမရတော့မှ  စမတ်ဖုန်းပြောင်း ကိုင် ခဲ့ပါတယ်။READဒဏ်ရာရခဲ့ပေမယ့် အပြုံးမပျက် လက်မှတ်ရေးထိုးပေးခဲ့တဲ့ အိန္ဒြာကျော်ဇင်

#တစ်လကို စင်ကာပူဒေါ်လာ (၁၄၀) ပဲသုံး

(2014)ခုနှစ်မှာတော့ ဟောင်ကောင်ရဲ့ ဒုတိယ၀င်ငွေ အကောင်းဆုံး အနုပညာရှင် အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်. သူရတဲ့ ၀င်ငွေကတော့ စင်ကာပူဒေါ်လာ (၂၁.၉)သန်းပါ။အခုဆိုရင်တော့ ပိုင်ဆိုင်မှု HK$5.6 billion ၊ (US$714 million) ချမ်းသာကြွယ်ဝပါတယ်။အဲ့ဒီလို လူမျိုးရဲ့ တစ်လလုံးအသုံးစရိတ်ကတော့ စင်ကာပူဒေါ်လာ (၁၄၀) ပါ။

#လူတိုင်းမလုပ်နိုင်တဲ့ အလုပ်ကို လုပ်ခဲ့သူ

ဒီလောက်ချွေတာပြီး ဘာတွေ ကို ဘယ်လိုလုပ်မလို့လဲ ဆိုပြီး မေးခွန်းထုတ်ချင်စရာပါ။Chow  က တစ်ခုခုကိုရည်ရွယ် ချက် ရှိရှိနဲ့ စုနေတာလားဆိုပြီး ပြောဆိုကြတာတွေရှိပါတယ်။ဒါပေမယ့် သူသေသွားရင်ပိုင်ဆိုင်မှု တွေ အားလုံးကို လှူပစ်မယ်လို့ တောင်ကိုရီးယားရဲ့ Munhwa Broadca sting Corporation နဲ့ အင် တာဗျူး တစ်ခုမှာ ဖြေခဲ့ ပါတယ်။“ဒီငွေတွေက ကျတော်တစ်သက်လုံး ပိုင်တဲ့အရာမျိုးမဟုတ်ဖူးလေ..လူဆိုတာ တစ်နေ့ သေကြရမှာ..သေသွား ရင် အကုန်လုံးကို ထားပစ်ခဲ့ရမှာပဲ..” ဆိုပြီး ပြောခဲ့ပါတယ်။”သေသွားရင် ငွေတွေရော၊ဘဏ်အကောင့်တွေ ကိုပါ ယူသွား လို့ မရဖူးလေ..” ဆိုပြီး ပြောခဲ့ပါတယ်။သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဇနီးဖြစ်သူကလည်း အပြည့်အ၀ ကို ထောက်ခံ အားပေး တယ်လို့ သိရပါတယ်။

#ဟောင်ကောင်မီလီယံနာက ဘာလို့ ချွေချွေတာတာဘ၀မှာ ပျော်နေနိုင်ရတာလဲ…?

ဟောင်ကောင်မီလီယံနာတစ်ယောက်က ရခဲတဲ့ လူ့ဘ၀မှာ ဘာကြောင့်များ ကိုယ်ရှာတဲ့ ပိုက်ဆံတွေကို ကိုယ်ဝ အောင် မသုံးပဲ ချွေတာနေရတာလဲ…? ဒီလိုဘ၀ကြီးကို ဘာလို့ ကျေနပ်ပျော်ရွှင်ရတာလဲ ဆိုတာကို အားလုံးက သိချင် ကြမှာ သေချာပါတယ်။ဘာကြောင့်လဲ ဆိုတာကို Chow က အခုလို ပြောခဲ့ပါတယ်။ငါးဖမ်းတဲ့ရွာလေးမှာ ကြီး ပြင်း လာခဲ့ရသူမို့ အိမ်မှာ စားစရာရှိနေရင်ကိုပဲ ပျော်နေပါပြီလို့ ပြောခဲ့ပါတယ်။” ကျတော်တို့က အရင်က အရမ်း ဆင်း ရဲ ခဲ့ ဖူးတော့ အိမ်မှာ စားစရာရှိနေရင်ကိုပဲ ပျော်နေပါပြီ။ ကန်စွန်းဥနဲ့ အသီးအရွက် တွေ စားရရင် ကိုပဲ ကျတော်က အရမ်း ပျော် နေပါပြီ..ဒါပေမယ့် နှစ်ကူးမှာ ကြက်သားလေးနဲ့ အသားလေးများ စားရရင်တော့ ပိုပျော်တာပေါ့ဗျာ…” ဆိုပြီး ပြောခဲ့ပါတယ်။

Source mustsharenews.

Comments are closed.