သင်္ကြန်မှာ အမိုက်စား အမိုးဖွင့် ဘက်စ်ကားကြီးနဲ့ ရေပက်ခံထွက်ခဲ့တဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစု

သင်္ကြန်မှာ အမိုက်စား အမိုးဖွင့် ဘက်စ်ကားကြီးနဲ့ ရေပက်ခံထွက်ခဲ့တဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစု

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုဘဝလေးကို အချိန်မျှတစွာနဲ့ သာယာလှပအောင် တည်ထောင်နေတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ပြေတီဦးနဲ့အတူတူ သာယာလှပတဲ့ မိသားစုဘဝလေးကို ထူထောင်နေတာဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန်မှာတော့ အိန္ဒြာကျော်ဇင်တို့ မိသားစုက အမိုက်စား အမိုးဖွင့် ဘက်စ်ကားကြီးနဲ့ ရေပက်ခံထွက်ခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်က သူမရဲ့ ရေပက်ခံထွက်ရတဲ့ သင်္ကြန်အတွေ့အကြုံတွေကို အခုလိုပဲ မျှဝေထားပါတယ်။

“ဒီနှစ်သင်္ကြန် မိုင်ဦးစီးက မိတ်ဆွေတွေနဲ့ ခရီးထွက်ပြီး golfသွားရိုက်တော့ ကိုယ်တွေသားအမိသုံးယောက်က အိုတာပေါ့နော်….ဒါပေမဲ့ ဘယ်ရမလဲ…ဒီနေ့နောက်ဆုံးနေ့တော့ အပီကဲပလိုက်တယ်လေ။”

“Mingalar bus ကြီးနဲ့ရေပက်ခံထွက်ပစ်လိုက်တာပေါ့….ကားကြီးတစ်စီးလုံး ကိုယ်တွေမိသားစုရယ်, သူငယ်ချင်းတွေရယ် ကိုယ့်လူတွေချည်းပဲ ….အဲ့ကားကြီးနဲ့သွားရတာပျော်စရာကောင်းလိုက်တာပြောမနေပါနဲ့တော့…”

“ကားကြီးကစီးလို့ကောင်းမှကောင်း, အပေါ်စီးကနေ အားလုံးကိုကြည့်လို့ရတယ်…ကားပေါ်ကနေရေပက်ဖို့လဲစီစဉ်ပေးတယ်, ရေသန့်ဗူးတို့ အချိုရည်ဗူးတို့ဆိုတာလဲ အပြည့်….ဝန်ဆောင်မှုကကာင်းမှကောင်း….နောက်နှစ်ကျရင်လဲ Mingalar Bus ကြီးနဲ့ သွားဖြစ်ဦးမယ်ထင်တယ်😁😍” ဆိုပြီး သူမရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေကို မျှဝေထားပါတယ်။

အိန္ဒြာကျော်ဇင်တို့မိသားစုရဲ့ သင်္ကြန်ကတော့ ပျော်စရာ အရမ်းကောင်းတာပဲနော်။ ဒီကားကြီးနဲ့သာ သင်္ကြန်ကို လည်လိုက်လို့ကတော့ အရမ်းမိုက်နေမှာပဲ။ ပရိသတ်တွေလဲ အိန္ဒြာကျော်ဇင်တို့မိသားစုရဲ့ သင်္ကြန်ပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Eaindra Kyaw Zin’s fb

Comments are closed.