စစ်ကောင်စီတပ်များ လေးကေ့ကော်မြို့အတွင်းမှ ထွက်ခွာခွင့်ပေးပါရန် KNU ကို ပန်ကြား ညနေမှ စတင်၍ ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားနေပြီး စစ်တပ်မှ ဗိုလ်မှူးကြီး အဆင့် ကျဆုံးသည်ဟု သိရ

လေးကေကော် Update:(ညနေ ၈ နာရီခွဲထိ)———————-စစ်ကောင်စီဘက်က ကျဆုံးတဲ့အထဲ သိရသမျှ ဗိုလ်မှူးကြီးအဆင့် (၁)စစ်ကြောင်းမှူး (၁)၊ သုံးပွင့် (၃) လို့ ကနဦး သိထားတယ်လို့ သတင်းရထားပါတယ်။ ဆက်လက်ပြီး သိရသမျှ တင်ပေးပါ့မယ်။ Update တွေကို Telegram မှာလည်း တင်ပေးနေပါတယ်။

Credit:Mratt Kyaw Thu

စစ်ကောင်စီတပ်များ လေးကေ့ကော်မြို့အတွင်းမှ ထွက်ခွာခွင့်ပေးပါရန် KNU ကို ပန်ကြား ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေ အပိုင် လေးကေ့ကော်မြို့အတွင်း ဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်များက မြို့အတွင်းမှ ၎င်းတို့ တပ်များကို ထွက်ခွာခွင့်ပေးပါရန် KNU သို့ ပန်ကြားကြောင်း သတင်းများရရှိထားသည်။

ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်မှစတင်ပြီး နှစ်ဖက်တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အရာရှိ အပါအဝင် ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း များပြားခဲ့ကြောင်း၊ ယင်းနောက် လေးကေ့ကော်မြို့အတွင်း ဝင်ရောက် စီးနင်းခဲ့သော တပ်များ ပြန်မထွက်ရဘဲ အိမ်များအတွင်း ဝင်ရောက် ပုန်းအောင်းခဲ့ကြကြောင်း၊

Advertisement

  ယင်းနောက် တပ်များ မြို့အတွင်းမှ ပြန်လည် ထွက်ခွာခွင့်ပေးပါရန် KNU ဘက်သို့ ပန်ကြားလာကြောင်း၊ ၎င်းတို့၏ သေဆုံးသွားသော စစ်သည်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်ရာတွင် လည်း အကူအညီပေးပါရန် အကူအညီတောင်းခံမှုများရှိကြောင်း သိရှိရသည်။

“အခုတော့ နှစ်ဖက် ငြိမ်နေပါတယ်။ တိုက်ပွဲလည်းမဖြစ်တော့ပါဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်တာတွေ ရပ်သွားပြီ။ ဒါပေမယ့် အင်အားဖြည့်တယ်ဆိုတဲ့သတင်းတွေကြားနေရတာပဲ။ ကျနော်တို့ စစ်ရှောင်တွေကတော့ ရှောင်နေရတုန်းပဲ” ဟုလေးကေ့ကော်မြို့ မှ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

လေးကေ့ကော်တွင် ယခုညနေမှစတင်၍ ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားနေပြီ၊ စစ်တပ်က လက်နက်ကြီးဖြင့် စတင်ပစ် ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA၊ တော်လှန်ရေးတပ်ဖွဲ့များကြား ယနေ့ ဒီဇင်ဘာလ ၁၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

လေးကေ့ကော်မြို့သစ်ကို အကြမ်းဖက် လူသတ် စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ယနေ့ နံနက်ပိုင်းမှစတင်ပြီး မွန်းလွဲပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုများ ငြိမ်သက်သွားခဲ့ကာ အဆိုပါ နေ့လယ်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိ ၁ ဦးအပါအဝင် အနည်းဆုံး ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

Advertisement

“ကျနော်တို့သိသလောက်တော့ စစ်တပ်ဘက်က ၆ ဦးသေတယ်။ အဲဒီအထဲမှာ ၂ ဦးက စနိုက်ပါမိတာ။ တချို့ကို အရှင်ဖမ်းမိထားတယ်။ KNU ဘက်က တရား ဝင်ထုတ်ပြန်ချက်တော့ မတွေ့သေးဘူး။ မြေပြင်အနေအထားသိရသလောက်ပါ” ဟု လေးကေ့ကော်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် KNU ဘက်က တရားဝင် ထုတ်ပြန်ချက်မရှိသေးဘဲ KNU တပ်မဟာ ၆ ဘက်ကလည်း တစ်စုံတစ်ရာ အတည်ပြုခြင်းမရှိသေးပေ။

Be the first to comment

Leave a Reply

Your email address will not be published.


*