
သင်္ကြန်ပြီးကာမှ အိမ်ထဲမှာပဲ အကြိတ်အနယ် ရေကစားနေတဲ့ ခေတ်လေးနဲ့ သစ်လေး
အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမေချစ်သုဝေက သင်္ကြန်ပြီးကာမှ အိမ်ထဲမှာ မေမေနဲ့ရေကစားနေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ချစ်စရာပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ ရေကစားနေရရင် ပျော်နေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ပုံရိပ်လေးတွေက အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် သင်္ကြန်ပြီးကာမှ အိမ်ထဲမှာ မေမေနဲ့ရေကစားနေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ချစ်စရာပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေချစ်သုဝေကတော့ “သင်္ကြန် ပြီးပြီလား” ဆိုပြီး ရေကစားနေတဲ့ သမီးလေးတွေရဲ့ ပုံလေးတွေကို တင်ထားတာပါ။


အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီးလေးတွေရဲ့နာမည်နဲ့လည်း ငွေကြေးမတတ်နိုင်တဲ့ ကလးငယ်တွေရဲ့ကျန်းမာရေးအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပါသေးတယ်နော်။ချစ်ပရိသတ်တွေလည်း အရမ်းချစ်ဖို့ကောင်းတဲ့ ခေတ်နဲ့ သစ်လေးတို့ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။