နေပူထဲ ဝမ်းစာရှာရတဲ့ ဆိုက်ကားဆရာတွေ အရိပ်ရဖို့ ထီးအကြီးကြီးတွေ တပ်ဆင်လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

နေပူထဲ ဝမ်းစာရှာရတဲ့ ဆိုက်ကားဆရာတွေ အရိပ်ရဖို့ ထီးအကြီးကြီးတွေ တပ်ဆင်လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေဟာဆိုရင် လူတိုင်းက လေးစားအားကျ ချစ်ခင်နေရတဲ့ သူလေး တစ်ယောက်ပဲဖြစ်ပါတယ်။ မွန်မြတ်လှတဲ့ စိတ်ရင်းစေတနာကို အရင်းခံပြီး ဘဝကြီးကို ကျေကျေနပ်နပ် ဖြတ်သန်းနေထိုင်ခဲ့တဲ့ သူမဟာဆိုရင် အလှူအတန်းတွေမှာလည်း လက်မနှေးလှတဲ့ သူတော်ကောင်းမလေး တစ်ယောက်ပဲဖြစ်ပါတယ်။ ထိုသို့ သဘောဖြူ မနောဖြူတဲ့ သူမကို ပရိသတ်တွေက လေးစားအားကျ ချစ်ခင်နေခဲ့ကြရတာပဲဖြစ်ပါတယ်။

ဒီကနေ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာတော့ ခိုင်နှင်းဝေက ပူပြင်းလှတဲ့ ရာသီဥတုမှာ ဝမ်းစာရှာဖွေနေရတဲ့ ဆိုက်ကားဆရာတွေ အရိပ်ရစေဖို့အတွက် ထီးအလက်(၃၀)ကို လှူဒါန်းခဲ့ပါတယ်။

ခိုင်နှင်းဝေက သူမရဲ့ အလှူလေးအကြောင်းကို “လှူချင်သော အလှူတခု အထမြောက်အောင်မြင်ခဲ့ပါပြီ…မွေးနေ့ကတည်းကလှူဖို့ရည်မှန်းထားပေမယ့် မလှူဖြစ်ခဲ့လို့ ဒီနေ့ နှစ်ဆန်း၁ရက်နေ့မှာလှူဒါန်းခဲ့ပါတယ်ရှင်။”

” ကျမတို့ အဲကွန်းလေးနဲ့ကားစီးပြီးအမြဲသွားနေရတဲ့သူတွေတောင် နွေရာသီရဲ့အပူဒဏ်ကိုပြင်းထန်စွာခံစားနေရတာ,,,တနေကုန်နေပူထဲမှာဆိုက်ကားနင်းနေရတဲ့ ကာယလုပ်သားတွေဘယ်လောက်တောင်ပူလိုက်မလဲဆိုတဲ့စိတ်ကူးနဲ့ ဆိုက်ကားအစီးရေ၃၀အတွက် ဆိုက်ကားထီးအချောင်း၃၀တပ်ဆင်လှူဒါန်းပေးခဲ့ပါတယ်…”

“ဆိုက်ကားနင်းပြီးအသက်မွေးဝမ်းကြောင်းရသောသူများနှင့်၇ရက်သား/သမီးအပေါင်း အေးချမ်းကြပါစေရှင် 🙏🏻🙏🏻🙏🏻” ဆိုပြီး သူမရဲ့ ပီတိကုသိုလ်ကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

လူတကာကို အမြဲပျော်ရွှင် အဆင်ပြေအောင် လုပ်ပေးတတ်တဲ့ စေတနာရှင်မလေး ခိုင်နှင်းဝေရဲ့ ကုသိုလ်ကတော့ ဘာနဲ့မှ တိုင်းဆမရပါဘူး။ ပရိသတ်တွေလဲ ခိုင်နှင်းဝေရဲ့ အလှူလေးကိုကြည့်ပြီး သာဓုခေါ်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Khine Hnin Wai’s fb

Comments are closed.