
ငယ်လေးဖောက်ပြန်လည်း ခွင့်လွှတ်ချစ်နေမယ်ဆိုတဲ့ မြေးအဖိုးအရွယ်လိင်တူချစ်သူစုံတွဲ
အင်္ဂလန်နိုင်ငံသား အသက် (၈၀) အရွယ် Philip Clements နှင့် မော်ဒယ်အလုပ်ကို လုပ်ကိုင်နေသူလို့ သိရတဲ့ အသက် (၂၅) နှစ်အရွယ် ရိုမေးနီးယား နိုင်ငံသား Florin Marin တို့နှစ်ဦးဟာ လာမယ့်နှစ်ဧပြီလဆိုလျှင် အိမ်ထောင်သက်တမ်း (၂) နှစ်ရှိနေပါပြီ။

လိင်တူချစ်သူများဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်ဟာလည်း အသက် (၅၅) နှစ် ကွာခြားနေတဲ့အတွက် အချစ်ခရီးလမ်းမှာ အမြင်မတူမှုကစလို့ အခက်အခဲပေါင်းများစွာရှိခဲ့ကြပါတယ်။ နှစ်ယောက်သားဟာ Gaydar ဆိုတဲ့ အမျိုးသားလိင်တူချစ်ကြိုက်သူများကို စုံစည်းပေးတဲ့ dating website တစ်ခုမှာ တွေ့ခဲ့ကြတာပါ။

၂၀၁၇ ခုနှစ် ဧပြီလမှာ တရားဝင်လက်ထပ်ခဲ့ကြပါတယ်။ ပင်စင်စား Philip ဟာ Sandwich, Kent မှ နေအိမ်ကို ရောင်းချပြီး Florin နှင့် အတူတူနေရန်အတွက် Bucharest မှာ တိုက်ခန်းလေးတစ်ခန်းကို ဝယ်ခဲ့ပါတယ်။ (၁)နှစ်ကျော်ပေါင်းသင်း နေထိုင်ပြီးမှာတော့ အသက် အရွယ်ကွာဟပြီး ခေတ်ချင်းမတူတာကြောင့် နှစ်ဦးသားကြားမှာ အမြင်စောင်းကာ အထင်မြင်လွဲမှားမှုလေးတွေ ဖြစ်လာခဲ့ပါတယ်။READသူနာပြုဆရာမလေးတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းပြချက်(၅)မျိုး
အဓိကအကြောင်းအရင်းကတော့ Florin ရဲ့ ညဥ့်နက်သည့်တိုင်အောင် ပြန်မလာဘဲ နိုက်ကလပ်သွားတာတွေ၊ အရက်သောက်တာတွေနဲ့ အသိမိတ်ဆွေ အပေါင်းအသင်းတွေကြောင့် Philip ရဲ့ စိတ်ထဲ သူ့ကို အလေးမထားဘူးလို့ ထင်သွားခဲ့ပြီး စကားများခဲ့ကြတာပဲ ဖြစ်ပါတယ်။

နှစ်ယောက်သား အထင်အမြင်လွဲကာ စကားများခဲ့ကြပြီးမှာတော့ Philip တစ်ယောက် အသစ်ဝယ်ထားတဲ့ အိမ်မှာမနေတော့ဘဲ UK မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ထံမှာ ခေတ္တသွားနေခဲ့ပါတယ်။ အသက်အရွယ်လည်းကြီးပြီး တွယ်တာစရာရှာတဲ့အရွယ် ဖြစ်တာကြောင့် သူ့အပေါ် နားမလည်ဘဲ ပေါ့ပျက်ပျက် နိုင်သွားတဲ့ Florin ကိုလွမ်းကာ စိတ်ကျရောဂါဆန်ဆန်ပါဖြစ်ခဲ့ပါသေးတယ်။

သူ့ဘေးနား Florin မရှိတဲ့အချိန်ဟာ ရှိနေတဲ့ ခြေထောက်နဲ့လက်တွေ ပြတ်ထွက်သွားသလို ခံစားရတယ်လို့ Philip ကပြောပါတယ်။ အဲဒီအချိန် Florin ကတော့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်နဲ့ တွဲပုန်းခုတ်နေခဲ့ပါတယ်။READသူငယ်ချင်းထက်ပိုသောသံယောဇဉ်ရှိနေတဲ့ ကောင်မလေးရဲ့အမူအရာများ

ဒါပေမဲ့ အခုအခါမှာတော့ နှစ်ဦးသားငြှိုနှိုင်းကာ နားလည်မှုယူပြီး အတူတူပြန် နေ,နေကြပါပြီ။ Florin ဟာ စပိန်မှာ အလုပ်လုပ်နေတာကြောင့် တစ်မြို့ထဲမှာ ရှိမနေနိုင်ကြပေမယ့် WhatsApp မှ နေ့တိုင်းအချိန်ပြည့်နီးပါး ဆက်သွယ်နေကြပါတယ်။ လာမယ့်နှစ် ဧပြီလမှာဆိုလျှင်တော့ (၂)နှစ်ပြည့် အထိန်းအမှတ်ပွဲလေးကို အတူတူ ကျင်းပဆင်နွှဲဖို့လည်း ကြိုးစားလျက်ရှိပါတယ်။


တစ်ယောက်နဲ့ တစ်ယောက် ဘာကြောင့်ချစ်သလဲဆိုတဲ့ မေးခွန်းကိုတော့ Florin မှ Philip စာ ချစ်ဖို့ကောင်းပြီး သဘောမနောကောင်းသူကြီးမို့ သံယောဇဉ်တွယ်သွားပြီး Philip ကတော့ Florin နဲ့ ပတ်သက်သမျှ သေးသေးမွှားမွှားလေးကအစ ချစ်တာဖြစ်ပြီး အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေရင်တောင် ချစ်နေဦးမှာလို့ ဆိုပါတယ်။
Source: The Sun
Penny