
Maldives ကမ်းခြေမှာ လွတ်လွတ်လပ်လပ် အနားယူနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ အမိုက်စား ဗီဒီယိုတွေ
ပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမကိုယ်သူမ အမြဲ ယုံကြည်မှုရှိပြီး တက်ကြွလန်းဆန်းနေတတ်တဲ့ ဆွဲဆောင်မှုရှိလွန်းသူလေး တစ်ဦးပါ။ အမြဲလိုလို စိတ်ဝင်စားစရာကောင်းတဲ့ အမိုက်စား ဖက်ရှင်တွေနဲ့ ပွဲတက်လေ့ရှိတဲ့ သင်ဇာလေးကတော့ ပရိသတ်တွေရဲ့ စိတ်အာရုံကို အမြဲဖမ်းစားထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာဝင့်ကျော်က Maldives ကမ်းခြေမှာ အလန်းကြီးလန်းနေတဲ့ သူမရဲ့ဗီဒီယိုလေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် Maldives ကမ်းခြေမှာ အလန်းကြီးလန်းနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်ကတော့ “🌊The sea is calling & I must go swimming 🌊 happylife summervibes happyvacation happymoments❤” ဆိုပြီး သူမရဲ့ဗီဒီယိုလေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

ရေကူးဝတ်စုံလေးနဲ့ အလန်းကြီးလန်းနေတဲ့ သင်ဇာ့ရဲ့ဗီဒီယို
ရေကူးနေရရင်ကို ပျော်နေတဲ့ သင်ဇာလေး
သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး တစ်ခြားသောအနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း Maldives မှာ အပျော်ကြီးပျော်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Source:Thinzar Wint Kyaw’s Facebook