မွေးနေ့ကျရောက်လာတဲ့ ဇနီးဖြစ်သူအတွက် ချစ်စဖွယ် မွေးနေ့ဆုတောင်းတွေနဲ့ အချစ်ပိုနေခဲ့တဲ့ Justin Bieber

“baby” လို့အများကသိကြတဲ့ တေးသီချင်းနဲ့ အစပြုလို့ ပရိတ်သတ်ရင်ထဲရောက်ရှိကာ နေရာယူလာခဲ့တဲ့ ကမ္ဘာကျော်တေးသံရှင်တစ်ဦးလို့ ဆိုလာရင်တော့ ပရိတ်သတ်တွေအရမ်းကိုချစ်ခင်အားပေးကြတဲ့ အဆိုတော် Justin Bieber လို့ပဲဆိုရမှာပါ။သူဟာ တေးသီချင်းပေါင်း များစွာ ကို ဖန်တီးခဲ့ပြီး သူဖန်တီးခဲ့တဲ့ တေးသီချင်းတိုင်းကိုလည်း ပရိတ်သတ်တွေက အတိုင်းထက်အလွန် အားပေးခံရတဲ့ အထိ အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာ သူဟာ အမေရိကန် စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Hailey Biber နဲ့လက်ထပ်ထားတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းကို အရမ်း ကို ဖြောင့်ဖြူးနေခဲ့ကြတာဖြစ်ပါတယ်။အဆိုတော် Justin Bieber ကလည်း ဇနီးဖြစ်သူ Hailey Biber ကို အလွန်တရာချစ်မြတ်နိုး လွန်းတဲ့ အတွက် ပရိတ်သတ်တွေအနေနဲ့ တကယ်ကို အားကျနေကြတာဖြစ်ပါတယ်။

ယမန်နေ့နိုဝင်ဘာ(၂၂)ရက်နေ့ကတော့ Hailey Biber ရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ထိုမွေးနေ့အတွင် ခင်ပွန်းဖြစ်သူ Justin Bieber က အရမ်းကို ချစ်စဖွယ် စာသားတွေနဲ့ ဇနီးဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကားလေး ဆိုလာခဲ့ပါတယ်။သူဟာ “ချစ်ရတဲ့ မွေးနေ့ပိုင်ရှင်လေး အတွက် ငါ့နှလုံးသားက မင်းပိုင်တယ်။ ငါ့မျက်လုံးက မင်းပိုင်တယ်၊ ငါ့နှုတ်ခမ်းက မင်းပိုင်တယ်။ ကိုယ်ဟာမင်းအတွက်ပဲ။ မင်းရှိနေတဲ့အ တွက် ငါ အရမ်းဝမ်းသာတယ်။ မင်းဟာ ငါ့ရဲ့ထာဝရပါပဲ။ မင်းသာငါ့မိန်းမ ဖြစ်မလာခဲ့ရင် ငါ့ဘဝက ဘယ်တော့မှ ပိုအဓိပ္ပါယ်ရှိမှာ မဟုတ် ဘူး။ ငါမင်းကို ချစ်တာတွေဟာ ဘယ်တော့မှရပ်တန့်သွားမှာမဟုတ်ဘူး။

မင်းရဲ့လက်ကို ဆုပ်ကိုင်ထားတာကို ဘယ်တော့မှလွှတ်မှာမဟုတ်ဘူး၊ မင်းကိုကာကွယ်ပေးတာကိုလည်း ဘယ်တော့မှရပ်တန့်သွားမှာ မဟုတ်ဘူး။ ငါ့မိဖုရားဖြစ်တဲ့ မင်းတစ်ယောက်တည်းနဲ့တင် ငါ့အတွက် လုံလောက်ပါပြီ။မင်းကို မိဖုရားလို ခံစားရအောင် နေ့တိုင်း ငါ မင်းနဲ့အတူတူ အချိန်တွေကုန်မယ်။ မင်းရဲ့အဖွားက သူ့ပေါ်တူဂီလေယူလေသိမ်းနဲ့ “ပျော်ရွှင်စရာ bursday baby” လို့ ပြောသလိုပဲ အချိန်ကုန်တဲ့အထိ မင်းကို ချစ်တယ်။ ” လို့အဓိပ္ပာယ်ရတဲ့ မွေးနေ့ဆုတောင်းလေးကို ရေးသားဖော်ပြလာတာဖြစ်ပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း Justin Bieber ကို အလွန်အကဲပိုတယ်လို့ဆိုကာ ဝိုင်းဝန်းစနောက်နေကြပါတယ်။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*