သဲအိမ်စံကို စိုင်းစိုင်းပေးခဲ့တဲ့ အရမ်းကိုရိုလွန်းတဲ့ လက်ဆောင်လေးတွေ

သဲအိမ်စံကို စိုင်းစိုင်းပေးခဲ့တဲ့ အရမ်းကိုရိုလွန်းတဲ့ လက်ဆောင်လေးတွေ

စိုင်းစိုင်းခမ်းလှိုင်ဟာ ကမ္ဘာ့အရိုဆုံးချစ်သူလို့တောင်ပြောရမလိုပါပဲ။ ချစ်သူကောင်မလေးအတွက်အချစ်သီချင်းတွေရေးစပ်ပေးပြီး ကောင်မလေးဂုဏ်ယူနိုင်စေမယ့် ငါ့ရည်းစားက ပိုမိုက်တယ်သီချင်းကိုလည်း တစ်နိုင်ငံလုံးမှာ အအောင်မြင်ဆုံးဖြစ်အောင် ရေးစပ်သီကုံးနိုင်ခဲ့သူတစ်ဦးပါ။ ဒါတင်မကသေးပါဘူး။ စိုင်းစိုင်းက သူ့ရဲ့အောင်မြင်မှုအရှိန်အဝါနဲ့ မာန်မာနရှိသူတစ်ဦးမဟုတ်ပဲ ချစ်သူကောင်မလေးကို မင်းသမီးလေးတစ်ပါးလိုဆက်ဆံတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ခြောက်နှစ်ကြာချစ်သူသက်တမ်းတစ်လျှောက်လုံး ချစ်သူလေးကို စိုင်းစိုင်းပေးခဲ့တဲ့ လက်ဆောင်တွေဟာဆိုရင် အရမ်းကိုရိုလွန်းလို့ အားမကျပဲမနေနိုင်အောင်ဖြစ်စေမှာပါ။

စိုင်းစိုင်းက သဲကို နှစ်ပတ်လည်တွေ လပတ်လည်တွေသာမက ဘာမှမဟုတ်တဲ့နေ့တွေမှာလည်း ပန်းစည်းတွေနဲ့လက်ဆောင်တွေပို့တတ်သလို အရမ်းကိုရိုတဲ့ စာလေးတွေလည်းရေးပေးတတ်သူပါ။ သဲကတော့ နေ့ရက်တိုင်းကို ချစ်သူများနေ့အဖြစ်ပြောင်းလဲပေးတတ်တဲ့ စိုင်းစိုင်းကြောင့်ပျော်နေမှာအသေအချာပါပဲ။ ဒါ့အပြင် စိုင်းစိုင်းက စိတ်အခန့်မသင့်ကြလို့ စိတ်ဆိုးစိတ်ကောက်တဲ့အခါတွေမှာလည်းအမြဲလိုလို အရုပ်လေးတွေ ပို့စ်ကတ်လေးတွေနဲ့ချော့တတ်သူလည်းဖြစ်ပါတယ်။

အဲဒီလက်ဆောင်လေးတွေကို သဲက ဂုဏ်ယူစွာနဲ့သူမရဲ့ Instagram မှာဝေမျှလေ့ရှိပါတယ်။ Valentine’s Day တစ်ရက်မှာဆိုရင် ပူဖောင်းတွေထဲမှာချစ်တဲ့အကြောင်းတွေထည့်ရေးထားပြီးသဲကို surprise လုပ်ခဲ့သေးတယ်လို့လည်းသိရပါတယ်။ ဘဲကြီးရဲ့ ရိုပုံရိုနည်းတွေကတော့ တကယ်ကိုလိုက်မမီနိုင်အောင်ပါပဲ။

ဒါတင်ပဲလားဆိုတော့မဟုတ်ပါဘူး။ ဝေးနေကြတဲ့အချိန်တွေမှာလည်း စိုင်းစို်င်းက ချစ်တဲ့အကြောင်းလွမ်းတဲ့အကြောင်းတွေကို လက်ရေးစာလေးတွေနဲ့ရေးပို့ပြီး သဲကိုပျော်ရွှင်စေသူပါ။ ပရိသတ်တွေက စိုင်းစိုင်းကိုနှမျောတဲ့စိတ်နဲ့ သဲနဲ့ အစတုန်းက သဘောမတူခဲ့ကြပေမယ့် မကြာသေးမီက စိုင်းစိုင်း Birthday Show မှာ သဲအိမ်စံလေးရဲ့ ချစ်ဖို့ကောင်းစွာကနေတဲ့ video လေးကိုမြင်ပြီး စိုင်းစိုင်းနဲ့ သဲကို အကြီးအကျယ်တွေသဘောတူကုန်ကြတာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် စိုင်းစိုင်းက သဲအိမ်စံကိုပေးခဲ့တဲ့ အရမ်းကိုရိုတဲ့လက်ဆောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စိုင်းစိုင်းကိုချစ်ကြလား။ စိုင်းစိုင်းနဲ့ သဲကိုရော သဘောတူကြလား။ စိုင်းစိုင်း Birthday Show ကို သွားကြည့်ဖြစ်လိုက်ကြလား။ စိုင်းစိုင်းရဲ့သီချင်းအသစ်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Comments are closed.