
သင်္ကြန်မှာ မဏ္ဍပ်ထိုင်လို့ရတဲ့ ငွေတွေနဲ့ မိဘတွေကို ရိုသေစွာကန်တော့ခဲ့တဲ့ စူးရှထက်
ရူးခါနေအောင်မိုက်တဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မလေး စူးရှထက်ကတော့ ပျော်ပျော်နေတတ်သူလေးမို့ လက်ရှိမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို ပရိသတ်တွေကို ပျော်ရွှင်စေတဲ့ စူးရှထက်ကတော့ သူမရဲ့အနုပညာနဲ့လည်း ပရိသတ်ကို ဖျော်ဖြေပေးလေ့ရှိသူ တစ်ဦးပါ။ စူးရှထက်ကတော့ လတ်တလောမှာ သင်္ကြန်မှာ မဏ္ဍပ်ထိုင်လို့ရတဲ့ ငွေကြေးလေးတွေနဲ့ မိဘတွေ မိသားစုဝင်တွေကို ကန်တော့ခဲ့ကြောင်းကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

သင်္ကြန်မှာ မဏ္ဍပ်ထိုင်လို့ရတဲ့ အနုပညာလုပ်အားခလေးတွေနဲ့ မိဘတွေ ညီအစ်ကိုမောင်နှမတွေကို ရိုသေစွာ ရှိခိုးကန်တော့ခဲ့တဲ့ စူးရှထက်ရဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ မိဘအပေါ် အရမ်းသိတတ်နားလည်လွန်းတဲ့ စူးရှထက်ရဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

သင်္ကြန်မှာ မဏ္ဍပ်ထိုင်လို့ရတဲ့ အနုပညာလုပ်အားခတွေနဲ့ မိဘတွေ ဆွေမျိုးသားချင်းတွေကို ရိုသေစွာ ကန်တော့ခဲ့တဲ့ စူးရှထက်ကတော့ ” မိသားစုကို ပေးနိုင် ကမ်းနိုင်တဲ့ သားသမီး ဖြစ်ရတာနဲ့တင် စူးရှ အားလုံးကျေနပ်ပါတယ် မဏ္ဍပ်ထိုင်လို့ရတဲ့ ငွေကြေးလေးနဲ့ ကန်တော့ဖြစ်တယ် နားလည်ပြီး ချစ်ပေးတဲ့သူအားလုံးကိုလဲ ကျေးဇူးပါ🙏🏻🙏🏻🙏🏻 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

သင်္ကြန်မှာ မဏ္ဍပ်ထိုင်လို့ရတဲ့ အနုပညာ ငွေကြေးတွေထဲက တစ်ချို့တစ်ဝက်ကို ချစ်ရတဲ့ မမကြီးကို ရိုသေစွာ ရှိခိုးကန်တော့နေတဲ့ စူးရှထက်ရဲ့ ပုံရိပ်လေးကတော့ မြင်ရသူတိုင်းကို ကြည်နူးအေးချမ်း သွားစေနိုင်ခဲ့ရပါပြီနော်။

တီတီ စူးရှထက်ကို ရိုသေစွာ ရှိခိုးကန်တော့နေခဲ့ကြတဲ့ တူလေးနဲ့ တူမေလေးနှစ်ယောက်ရဲ့ ပုံရိပ်လေးကလည်း မြင်ရသူတွေကို အေးချမ်းသွားစေနိုင်လောက်တဲ့ ပုံရိပ်လေးပါပဲနော်။

လိမ္မာလွန်းတဲ့ တူလေးနဲ့ တူမလေးနှစ်ယောက်ကို မုန့်ဖိုးတွေ ပြန်လည်ပေးခဲ့တဲ့ စူးရှထက်


စူးရှထက်ကတော့ ပြီးခဲ့တဲ့ သူမရဲ့ နာကျင်စရာအတိတ်တွေကိုမေ့ထားပြီး လတ်တလောမှာ အနုပညာအလုပ်တွေ အကောင်းဆုံးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သီချင်း MVတွေမှာလည်း သရုပ်ဆောင်နေရပြီဖြစ်တဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။ မိဘကိုသိတတ်တဲ့ သမီးလိမ္မာလေး စူးရှထက်ကတော့ သင်္ကြန်မှာ မဏ္ဍပ်ထိုင်လို့ရတဲ့ အနုပညာလုပ်အားခနဲ့ မိဘနဲ့ ညီအစ်ကို မောင်နှမတွေကို ရိုသေစွာ ရှိခိုးကန်တော့ခဲ့တဲ့အတွက် ပရိသတ်တွေလည်း သူမအတွက် သာဓုခေါ်ဆိုနိုင်မယ်လို့ ထင်ပါတယ်။ ချစ်ပရိသတ်တွေလည်း မိဘအပေါ် အရမ်းကို သိတတ်လွန်းတဲ့ စူးရှထက်ကိုကြည့်ပြီး ကြည်နူးမိတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Ref : Zar Chi’s Facebook