ဖက်တီးကြီးကနေ မင်းသားတွေရှုံးလောက်တဲ့ ခန္ဓာကိုယ်ဖြစ်သွားတဲ့ J Fire

ဖက်တီးကြီးကနေ မင်းသားတွေရှုံးလောက်တဲ့ ခန္ဓာကိုယ်ဖြစ်သွားတဲ့ J Fire

ရင်ထဲထိတဲ့ စာသားလေးတွေနဲ့ ခံစားလို့ရမယ့် အချစ်သီချင်းလေးတွေ၊ ဘဝသီချင်းလေးတွေဆိုပြီးတော့ လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ Rapper အဆိုတော် J Fire ကိုတော့ တော်တော်များများ သိကြမှာပါ။ J Fire ကတော့ စပေါ်တဲ့အချိန်မှာ သူဆိုတဲ့သီချင်းတွေကိုသာ ပရိသတ်တွေက ခံစားလို့ရတာကြောင့် အားပေးကြတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စပေါ်တဲ့ အချိန်မှာ J Fire တယောက်ကတော့ လုံးဝကို ဝတုတ်ကြီး ဖြစ်နေတာကြောင့်ပါ။

ဒါကြောင့်သူ့အနေနဲ့တော့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ ဒီလိုမျိုး တုန့်ပြန်မှုတွေကို မခံချင်တဲ့စိတ်နဲ့ အားကစားကို အပြင်းထန်လုပ်ခဲ့တာကြောင့် ၂ နှစ်လောက်အတွင်းမှာ J Fire တယောက်လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။

လက်ရှိချိန်မှာတော့ J Fire ကို သီချင်းတင်မဟုတ်ပဲ လူကိုပါကြိုက်ကြတဲ့ နှုတ်ခမ်းနီမလေးတွေ အများပြား ရှိလာခဲ့ပါပြီ။ J Fire ကတော့ ဝနေတဲ့သူတွေအတွက်ကိုလည်း အားဆေးတခုလို ဖြစ်စေခဲ့ပါတယ်။ သူ့လိုအရမ်းဝပြီး ပုံပျက်နေတဲ့သူတယောက်ကတော့ ၂ နှစ်လောက်အတွင်းမှာ မင်းသားတွေ ရှုံးရလောက်တဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

ဒါကြောင့် J Fire ကတော့ လက်ရှိချိန်မှာလည်း မင်းသားအဖြစ်တွေ့ချင်တဲ့သူတွေကလည်း များပြားနေပါတယ်။ J Fire ကတော့ သင်္ကြန်ပြီးသွားတဲ့အချိန်မှာတော့ သူ့အကောင့်မှာ လွန်ခဲ့တဲ့ ၂၀၁၇ က ပုံနဲ့ လက်ရှိ ၂၀၁၉ က ပုံကို တွဲတင်ထားပြီး “Happy Myanmar Newyear နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး လူသစ် စိတ်သစ် နဲ့ အောင်မြင်သောဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေ” ဆိုပြီးတော့လည်း တင်ထားပါသေးတယ်။

ဒီနှစ်ပုံကိုတွဲပြီးတင်ထားတာကြောင့် သူ့ရဲ့ ပြောင်းလဲမှုတွေဟာ ပိုမိုသိသာလာခဲ့ပြီး ပရိသတ်တွေကြားမှာလည်း ဒီပုံလေးက ရေပန်းစားခဲ့ပါတယ်။ ဝနေတဲ့သူတွေအတွက်လည်း J Fire ရဲ့ပုံကတော့ အားဆေးတခွက်ဖြစ်ခဲ့ပြီး ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲက ဝနေတဲ့သူတွေအတွက်လည်း အားကျလို့ရအောင် J Fire ရဲ့ ပုံလေးတွေကို မျှဝေလိုက်ပါတယ်။

Comments are closed.