ကမ္ဘာပေါ်မှာအရမ်းရှားပါးနေပြီဖြစ်တဲ့ သန္တာကျောက်တန်းတွေကို ရေငုပ်ပြီးကိုယ်တိုင်လေ့လာခဲ့တဲ့ အောန်ဆိုင်း

ကမ္ဘာပေါ်မှာအရမ်းရှားပါးနေပြီဖြစ်တဲ့ သန္တာကျောက်တန်းတွေကို ရေငုပ်ပြီးကိုယ်တိုင်လေ့လာခဲ့တဲ့ အောန်ဆိုင်း

ကမ္ဘာအနှံ့ခြေဆန့်ပြီး ခရီးထွက်တတ်သူလေး အောန်ဆိုင်းတစ်ယောက် ဒီတစ်ခေါက် မှာလည်း ဖိလစ်ပိုင်နိုင်ငံ Palawan ကျွန်းမှာ ရှားပါးစာရင်းဝင် သန္တာကျောက်တန်း တွေကို ရေအောက်ကို ကိုယ်တိုင်ငုပ်ပြီး သွားရောက်လေ့လာခဲ့တာပဲဖြစ်ပါတယ်။ သန္တာ ကျောက်တန်တွေဟာ ရေနေသတ္တဝါ အတွက် အရေးကြီးသလို ပင်လယ်ကြီး ကျန်းမာ ရှင်သန်ဖို့လည်း အရမ်းအရေးကြီးပါတယ်။ ဒီလိုအဖိုးတန် သဘာဝတွေကို ထိန်းသိမ်း စောင့်ရှောက် သင့်တယ်ဆိုတာကိုလည်း သူမက အသိပေးပြောကြားသွားပေါသးတယ်။

ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး ဘဝကိုအေးအေးလူလူ ဖြတ်သန်းနေတဲ့ ကချင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ Super Model တစ်ဦးဖြစ်ပြီး သူမရဲ့ဖက်ရှင်တွေဟာ အမြဲတမ်းဆန်းသစ်လို့နေပါတယ်။ မော်ဒယ်အဖြစ်နဲ့ အနုပညာ လောကထဲမှာ လျောက်လှမ်း ရင်း ရုပ်ရှင်ဇာတ်ကားတစ်ကားကိုလည်း ရိုက်ကူးထား ပါသေးတယ်။ ပရိသတ်တွေရှေ့ကို ဘယ်အချိန်ရောက်လာမလဲဆိုတာတော့ ရင်ခုန်ချင် စရာပါ။

သူမရဲ့လေ့လာမှုပုံရိပ်တွေကို ” ကမ္ဘာပေါ်မှာ အလွန်းရှားပါနေပြီဖြစ်တဲ့ သန္တာ ကျောက်တန်ကို ဒီခရီးစဉ်မှာမြင်တွေ့ခွင့်ရတယ် (ဘဝမှာ ပထမဆုံး) မြင်ဖူခြင်း ဒီသန္တာကျောက်တန်ဟာ ရေနေသတ္တဝါ အတွက်အလွန်အရေးကြီးသလို ပင်လယ်ကြီး ကျန်းမာရှင်သန်ဖို့လည်း အရန်းအရေးကြီးပါတယ်..ဒီနိုင်ငံကသူတွေက တန်ဖိုးထား ထိန်သိမ်းစောက်ရှောက်နေတာတွေ့ရတယ် အဲလြိုမင်တော့ တဖက်မှာဝမ်းနည်းမိတယ် ကိုတွေနိုင်ငံမှာ (ငွေဆောင်, ငပ္ပလီ) တချိန်က ရှိခဲ့ဖူးတယ်လို့ကြာဖူးတယ် တန်ဖိုထား ရမှန်း မသိခဲ့လို့ (စည်းကမ်းမရှိလို့) coral reefs နဲ့ပတ်သက်ပြီး ဗဟုသုတမရှိခဲ့လို့ ခုတော့…ပင်လယ်ကြီးကိုချစ်ပါ..coral reef နဲ့လုပ်တဲ့ ပစ္စည်းတွေကိုမဝယ်ပါနဲ့ I’m going to miss this when I go back to Myanmar ” ဆိုပြီး တင်ထားတာမို့ ပြန်လည် တင်ဆက် ပေးလိုက်ပြီနော်။

Photo – Awn Seng

Comments are closed.