နေရောင်ခြည်ရဲ့ အနမ်းနွေးနွေးအောက်မှာ ပန်းလေးတစ်ပွင့်လို လှပနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါ

နေရောင်ခြည်ရဲ့ အနမ်းနွေးနွေးအောက်မှာ ပန်းလေးတစ်ပွင့်လို လှပနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါ




source: Khin wint wah

Unicode ဖြင့်ဖတ်ရန်

ပရိသတ်အချစ်တော် မင်းသမီးလေးဖြစ်တဲ့ ခင်ဝင့်ဝါကတော့ တစ်ချိန်က မြန်မာနိုင်ငံရဲ့ Miss Supranational ကိုယ်စားပြု အလှမယ်ဟောင်တစ်ယောက်ဖြစ်ပြီး အလှမယ်တစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်သူပါ။ မျက်နာကျလေးက ဘာဘီဘိုမရုပ်လေးလို ချစ်ဖို့ကောင်းပြီး ကလေးဆန်လွန်းလို့ သူမကို သရုပ်ဆောင် မင်းသမီးအဖြစ် စတင်ဝင်ရောက်ချိန်မှာလည်း သရုပ်ဆောင်အရည်အချင်းမှာ မညံ့သူမို့ ပရိသတ်တွေ အခိုင်အမာအားပေးခဲ့ကြပါတယ်။

ခင်ဝင့်ဝါကိုယ်တိုင် အဓိကဇာတ်ဆောင်မင်းသမီးနေရာက သရုပ်ဆောင်ထားပြီး ဒီနှစ် 2018 အတွင်း ရုံတင်ပြသမဲ့ ခင်ဝင့်ဝါရဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေကတော့ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီး(ရုံတင်ပြသပြီး) နဲ့ “ကိုယ်စောင့်နတ်”ရုပ်ရှင်ဇာတ်ကားကြီးတို့ ဖြစ်ပြီး ကိုယ့်စောင့်နတ်ကတော့ လာမဲ့ ဒီဇင်ဘာလ(28)ရက်နေ့မှာရုံတင်ပြသမှာ ဖြစ်ပါတယ်။အနုပညာသရုပ်ဆောင် လောကမှာ နေရာရအောင်မြင်နေပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးကောင်းတစ်လက်ဖြစ်သလိုအကယ်ဒမီဆုရရှိဖို့ နီးလာပြီဖြစ်တဲ့ အချစ်တော်မင်းသမီးလေးလည်းဖြစ်ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ ခင့်ဝင်ဝါဟာ “ကိုယ်စောင့်နတ်”ရုပ်ရှင်ဇာတ်ကားကြီးအတွက်နဲ့ ပွဲတွေဆက်တိုက်ဆိုသလို တက်ဖြစ်နေသလို ဒီဇင်ဘာလ(၂၇)ရက်နေ့ ၊မနက်ပိုင်းမှာ ဒဂုံတက္ကသိုလ် ကိုသွားရောက်မှာဖြစ်ပြီး “မနက် ဖြန်မနက် ( 8:30 am )ဒဂုံတက္ကသိုလ် ကို ကိုယ်စောင့် နတ် ကြီး နဲ့ အတူ Bella လေးလည်းလာမှာမို့ ကြို ကြ မှာ လားပြော လို့ မေးခွန်းလေးတွေထုတ်ထားသလို နေရောင်ခြည်ရဲ့ အနမ်းနွေးနွေးအောက်မှာ ပန်းလေးတပွင့်တစ်လိုလှပနေတဲ့ ခင်ဝင့်ဝါရဲ့ အလှပုံလေးနဲ့ အတူဖော်ပြလိုက်ရပါတယ်။

source: Khin wint wah

Comments are closed.