ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ခံလိုက်ရတဲ့ ကျော်သူ

ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ခံလိုက်ရတဲ့ ကျော်သူ

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး တစ်ယောက်ဖြစ်တဲ့ ဦးကျော်သူ ဟာဆိုရင် ဟိုးအရင် ဆယ်ကျော်သက် အချိန်တွေမှာကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူကတော့ ယနေ့အချိန်အထိ အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အနုပညာဘက်မှာ ရပ်တည်လုပ်ကိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ ပရဟိတ အလုပ်ဘက်မှာလည်း တက်တက်ကြွကြွနဲ့ ပါဝင်ကူညီလုပ်ကိုင်ပေးနေဆဲဖြစ်တဲ့ ဦးကျော်သူကတော့ “ဒဏ္ဍာရီပင်လယ်” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင် ဒါရိုက်တာတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင် ရိုက်ကူးပေးနေသူ တစ်ဦးပါ။

သရုပ်ဆောင် ဒါရိုက်တာ တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေဆဲဖြစ်တဲ့ ဦးကျော်သူကတော့ ရုပ်ရှင်ထဲမှ ပါဝင်မယ့် ဇာတ်ကောင်စရိုက်တွေ ပီပြင်နိုင်စေရန်အတွက် ကြိုတင်ပြီး ပြင်ဆင်နေခဲ့တာပဲ ဖြစ်ပါတယ်။ ထိုသို့ ပြင်ဆင်ချက်တွေနဲ့ ကြိုတင်ပြင်ဆင်နေတဲ့ ဦးကျော်သူရဲ့ ပီပြင်လွန်းလို့ တကယ်ကြီးအလားထင်ရတဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော် ချစ်ပရိသတ်ကြီးရေ။

ပီပြင်လွန်းတဲ့ ပြင်ဆင်ချက်တွေကြောင့် တကယ်ကြီးအလားထင်ရတဲ့ ပုံရိပ်လေးတွေကို ထုတ်ပြပေးလာခဲ့တဲ့ ဦးကျော်သူကတော့ ” အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ခံခဲ့ရပြီ။ မနေ့က မန္တလေးကပြန်ရောက်.. မနက်ဖန် ငွေဆောင်နဲ့ချောင်းသာ ကိုသွားရမည်။ “

” ယခုလောက် ခရီးတွေထွက်၊ အလုပ်တွေရှုတ်၊ အစားအသောက်တွေ မမှန်ဖြစ်နေသော်လည်း အ၀မပျက်သည့် ကျွန်တော့်ကို ဆီလီကွန်မိတ်ကပ်ပညာရှင် ကိုအောင်ကျော်ထွန်းနှင့်သမီးတော်များက အုပ်စုဖွဲ့ပြီး ကျွန်တော့်၏ ခြေထောက်ကော၊ လက်တွေကိုပါ သွားမရ၊ စားမရအောင် ဝိုင်း၍ ဆီလီကွန် ပလာစတာများဖြင့် ပါတ်စီးခြင်းကို ယနေ့ညနေ ပြုလုပ်ခံခဲ့ရတော့သည်။ “

” ၄၅မိနစ်ခန့် ရေလည်းမသောက်နိုင်၊ အစာလည်းမစားနိုင်၊ အပေါ့လည်းသွားရန် မဖြစ်တော့တဲ့ ကျွန်တော်တို့ ဘ၀။ ဖန်တည်းသူ ကိုအောင်ကျော်ထွန်းနဲ့ သမီးတော်များကတော့ ဆန်းသစ်တီထွင်မှုအတွက် ပျော်လို့၊ ရီလို့၊ မုန့်တွေစားပြနဲ့ပေါ့ဗျာ။ “

” မစိုးရိမ်ကြပါနဲ့ခင်ဗျာ။ ကျွန်တော် ယခုဧပြီလကုန်တွင် ငွေဆောင်၊ချောင်းသာ၌ ၀သုနြေ္ဒရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ အဖြစ်ရိုက်ကူးရမည့် “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ဇာတ်ကားအတွက်ယနေ့ ပါဝင်မည့် သရုပ်ဆောင်များအား Special Effect ရိုက်ချက်များအတွက် အထူးဆီလီကွန်မိတ်ကပ်ဖြင့် ဖန်တည်းမှုပြုလုပ်ရန်ယနေ့ မိုလ်ပုံစံယူနေခြင်းဖြစ်ပါသည်။ “

” မည်သည့်သရုပ်ဆောင်က မည်သို့သောထူး ခြားသည့်ဇာတ်ကောင်အဖြစ် ပါဝင်ကြမည်ကို ရုံတင်ပြသပါက စောင့်စားအားပေး ကြည့်ရှုစေလိုပါကြောင်း… မျှော်…. (ကျော်သူ) ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဇာတ်ကောင်စရိုက်တွေ ပီပြင်နိုင်ရန်အတွက် အစားအသောက်တွေပျက်ပြီး အနုပညာအလုပ်ကိုသာ အလေးပေးခဲ့တဲ့ ဦးကျော်သူရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်ပြီး လေးစားမိမယ်လို့ ထင်ပါတယ်။

နောက်ထပ်ရိုက်မယ့် ကားကြီးအတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်တဲ့ ဦးကျော်သူရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း ကျေနပ်သဘောကျမိတယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးရင်း ပရိသတ်တွေထံကို အကောင်းဆုံးချပြပေးနေဆဲဖြစ်တဲ့ ဦးကျော်သူကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Ref : Kyaw Thu’s Facebook

Comments are closed.