အိမ်သစ်တက်ပွဲ မင်္ဂလာကျင်းပတဲ့နေ့မှာ ပိုက်ဆံတစ် သောင်းတန်တွေအထပ် လိုက်ကြဲပြီး အလှူအတန်း လုပ်ပေးခဲ့တဲ့ ဘေဘီမောင်
ပရိသတ်ကြီးရေ ဝေဖန်မှုတွေများစွာနဲ့ ကြုံတွေ့နေရပေမယ့် အပြုံးမပျက်ဘဲ ဈေးရောင်းရင်း စားဝတ်နေရေးကိုဖြေရှင်းနေသူကတော့ သရုပ်ဆောင် ဘေဘီမောင်ပဲ ဖြစ်ပါတယ်။ သူမကတော့ ကိုယ်ပိုင်စီးပွားရေးကို ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ကိုင်နေပြီး တဖြည်းဖြည်းချင်း ကြွယ်ဝချမ်း သာလာပြီ ဖြစ်ပါတယ်။
အလှူအတန်းတွေလည်း အမြဲမပြတ်ပြုလုပ်လေ့ရှိကြောင်းကိုလည်း လူမှုကွန်ယက်ပေါ်တွင် ဝေမျှလေ့ရှိပါတယ်။ မကြာသေးခင်က ဘေဘီမောင်ရဲ့Facebook အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့အလှူသို့ လာသမျှသူတိုင်း အားလုံးကို
ပိုက်ဆံတစ်သောင်းတန်အထပ်လိုက်ကြဲချပြီး ကုသိုလ်ယူနေတဲ့ ဘေဘီမောင်ရဲ့ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။မနေ့က ဘေဘီမောင်ရဲ့နေအိမ်တွင် ဘုရားနေကဇာတင်နဲ့အိမ်တက် မင်္ဂလာအလှူလေး ကျင်းပခဲ့ပါတယ်။ ” ယနေ့ကုသိုလ်ဘုန်းဘုန်းကခုံပေါ်ကနေကြဲဆိုလို့ပါ
ခုံကလှုပ်နေတာကြောက်လိုက်တာ ဒါမဲ့ပျော်တယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Advertisement
Credit:mdatenews
mdatenews
[zawgyi]
Advertisement
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*