မင်းသားတွေထဲမှာ သူထူးစံကို စိတ်အနာဆုံးဆိုတဲ့ ကမ္ဘာရှား

မင်းသားတွေထဲမှာ သူထူးစံကို စိတ်အနာဆုံးဆိုတဲ့ ကမ္ဘာရှား

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို မှော်ဝင်သမန်းကျား ရုပ်ရှင်ကားကြီးနဲ့ ပထမဆုံးအကြိမ် အကယ်ဒမီရရှိထားတဲ့ မင်းသား သူထူးစံကိုတော့ စတန့်ဖိုက်တင်မင်းသားဟောင်းကြီး ကမ္ဘာရှားဖြစ်သူက စိတ်အနာဆုံး မင်းသားတစ်ယောက်ဖြစ်တယ်လို့ MyanmaPlatform နဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ကမ္ဘာရှားက “ကျွန်တော် မင်းသားအသစ်ရှာတာပေါ့နော် ကျွန်တော်ကိုယ်တိုင် ပိုက်ဆံစုဆောင်းပြီးတော့ ရိုက်တာပေါ့နော်။ မင်းသားရှာတော့ မင်းသားအကြီးတွေ သုံးရင်လည်း ပိုက်ဆံအများကြီးပေးရမယ် ကျွန်တော်မသုံးနိုင်ဘူး အဲ့တော့ ကျွန်တော့်ဇာတ်လမ်းနဲ့ လိုက်လျောညီထွေရှိတဲ့ မင်းသားကို ရှာတော့ ဘယ်သူ့ကိုတွေ့လဲဆိုတော့ VCD သီချင်းထဲမှာ ကျွန်တော် သူထူးစံကို သွားတွေ့တယ်။ သူ့ကို ကျွန်တော် သရုပ်ဆောင်ကြေး ၇သောင်းပေးတယ်။ နောက်ပြီးတော့ သူနဲ့ လိုက်ဖက်မယ့် မင်းသမီး သူ့လိုပဲ VCD ကပဲ ကျွန်တော် ခေါ်လိုက်တယ် ခေါ်လိုက်တဲ့အခါကျတော့ သူတို့နဲ့ ရိုက်တယ်ပေါ့နော်။ အဲ့ဇာတ်ကားရိုက်လို့ပြီးသွားတဲ့အချိန်မှာ သူထူးစံက ကျွန်တော့်ကို ဘာပြန်ပြောလဲဆိုတော့ အစ်ကိုတဲ့ ကျွန်တော်မင်းသားဖြစ်ဖို့ ကျွန်တော့်ကို အထောက်အပံ့ဖြစ်မယ့် တွန်းတင်ပေးမယ့် ဂိုက်တစ်ယောက်လိုတယ် ကျွန်တော်သိတဲ့ အစ်ကိုတဲ့။ အစ်ကိုကျွန်တော့်ကို မင်းသားဖြစ်ဖအာင် လုပ်ပေးပါလားတဲ့ ဆရာ စိန်သန်းမြင့်က ကျွန်တော့်ဆရာဖြစ်တာကြောင့် ကမ္ဘာရှားတဲ့ မင်းတပည့်ကိုကွာတဲ့ ငါတို့ Company ကနေပြီးတော့ မင်းသားတင်မယ် မင်းလက်ခံလားတဲ့ ဟာဆရာ လက်ခံတာပေါ့ ဖြစ်စေချင်တာ ကျွန်တော့်တပည့်လေးတွေအောင်မြင်ရင် ကျွန်နော်ပိုဝမ်းသာတာပေါ့လို့။

သွားတွေ့တဲ့အခါကျတော့ ကျွန်တော်က သူထူးစံကို ဘာပြောလဲဆိုတော့ ဟိုကျရင် ငါစကားပြောမယ် မင်းမပြောနဲ့ ငါမင်းအတွက် အမြဲတမ်းအကျိုးလုပ်ပေးတာ ကျွန်တော် Company ရောက်တဲ့အခါကျတော့ မအေးအေးဝင်းနဲ့ တွေ့တာပေါ့နော် စကားပြောတာပေါ့။ မအေးအေးဝင်းတို့က စပေးတာက တစ်ကားကို ၅သောင်းနဲ့ ကား၁၀၀ ဆိုတော့ ကျွန်တော်ကပြောတယ် ကားတစ်ရာက များလွန်းအားကြီးတယ်လို့ ဘာလို့လဲဆိုတော့ စိုးသူတို့ ရန်အောင်တို့ ရဲအောင်တို့နဲ့ လုပ်ခဲ့တာတွေက တစ်ကားတည်းနဲ့ မင်းသားဖြစ်တာပဲလို့။ အခုကား ၁၀၀ ပြည့်မှ မင်းသားဖြစ်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ မလုပ်နိုင်ဘူးလို့။ အဲ့တာနဲ့ ဆယ်ကားပဲ ပေးတာပေါ့နော်။ သူထူးစံကလည်း ဟိုကခေါ်တော့ သူကလည်း ရိုက်ချင်နေပြီ သိတယ်မလား။ သရုပ်ဆောင်အသစ်တွေဆိုတော့ ဒီလိုပါပဲ။ ကျွန်တော်ခွင့်မပြုဘူး။ အဲ့မှာ အခြေအတင်ပေါ့ နောက်ဆုံး ဆရာက ဝင်ဖြတ်ပေးတယ် နောက်ဆုံးကားနှစ်ဆယ် နှစ်ဆယ်ကနေသူတို့က ထပ်တောင်းတယ် နောက်ဆုံး ၃၆ကားနဲ့ ဆရာ စိန်သံမဏိက ကျွန်တော့်ကို ပြောတာ ကမ္ဘာရှားမင်းလုပ်လိုက်ပါကွာတဲ့။ အဲ့တာနဲ့ ခွင့်ပြုပေးရတယ်။

ပြီးတော့ သူ နယ်မထွက်ခင်တစ်ရက်အလိုပေါ့နော် သူထူးစံ…ငါရိုက်ကူးရေးတင်ရမယ် ငါ့ကိုမင်းsign လေးထိုးပေး ရုပ်ရှင်ကောင်စီက ချပေးတဲ့ ဖိုင်လေးပေးလိုက်တယ်။ သူက ကျွန်တော့်ကို ဘာပြောလဲဆိုတော့ ကျွန်တော်တော်တော်ခံစားသွားရတယ် တော်တော်ကြီးရင်ထဲမှာ အောင့်သွားတယ်။ ‘ကျွန်တော်စဉ်းစားဦးမယ်ဆရာ’ တဲ့ ပြောလိုက်တယ်။ ကျွန်တော်သူ့ကို အမှန်တိုင်းပြောရရင် သူ့မိဘတွေဆို အဲ့အချိန်တုန်းက နိုင်ငံတော်က ပေးတဲ့ အခန်းလေးမှာ နေရတာ။ သူဆို တခြားမှာ ဟိုနေဒီနေ လိုက်နေရတဲ့ဘဝ သူVCD ရိုက်တာ တစ်ခွေမှ သုံးသောင်းလောက်ရတဲ့ဘဝ။ ကျွန်တော်ဆွဲတင်လာတားသူပိုက်ဆံတွေ မြောက်များစွာရနေပြီ သူနာမည်တွေအရမ်းကြီးသွားပြီပေါ့နော် အဲ့အချိန်မှာ ကျွန်တော်က တစ်ကားပဲ ရိုက်တော့မယ်လို့။ သူနဲ့ ကျွန်တော်ရိုက်ခဲ့တဲ့ကားတောင်မဖြန့်ဘူးနော်။ သူကအဲ့တာကို ဖြန့်မှာ အရမ်းကြောက်နေတယ် နောက်ဆုံး တစ်ကားပဲ ရိုက်မယ်ခွင့်တောင်းတယ် ရုပ်ရှင်ကောင်စီမှာ ရိုက်ကူးရေးတင်ရမှာလေ။ အဲ့တာကို စဉ်းစားဦးမယ်ဆိုတော့ ရင်ထဲမှာ တော်တော်ခံစားသွားရတယ်။ ကျွန်တော်သူ့ကို အများကြီးလုပ်ပေးခဲ့တယ်။ သူ့ရဲ့ အရမ်းဆိုးဝါးတဲ့ လူမှုရေးကိစ္စတွေကိုလည်း ပြေလည်အောင်ဖြေရှင်းပေးခဲ့တယ်။ အဲ့အချိန်ကစပြီး ကျွန်တော်သူထူးစံကို သွားမတွေ့တော့ဘူး”လို့ ပြောသွားခဲ့ပါတယ်။

Comments are closed.