အကြမ်းစား Performance တွေနဲ့ ဘားအံမှာဖျော်ဖြေခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ပုံရိပ်တွေ

အကြမ်းစား Performance တွေနဲ့ ဘားအံမှာဖျော်ဖြေခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ပုံရိပ်တွေ

အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကို ခံစားချက်အပြည့်ထည့်ပြီး သီဆိုလေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ သူပါဝင်တဲ့ ရှိုးပွဲတွေဆိုရင်လည်း လာအားပေးတဲ့ ပရိသတ်တွေ သဘောကျအောင် အလန်းစားဖျော်ဖြေတတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြူဖြူကျော်သိန်းက ခရစ္စမတ်မှာ ဘားအံသို့သွားရောက်ဖျော်ဖြေခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပရိသတ်တွေနဲ့ တစ်သားတည်းကျအောင် ဖျော်ဖြေလေ့ရှိတဲ့ ဖြူဖြူကတော့ အဆိုပါပွဲမှာလည်း အကြမ်းစား Performance တွေနဲ့ ထိထိမိမိဖျော်ဖြေခဲ့တာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဘားအံချစ်သူမြိုင်ရဲ့ ခရစ္စမတ်ဂီတပွဲမှာ ကြိတ်ကြိတ်တိုးအားပေးကြတဲ့ ပရိသတ်တွေနဲ့အတူ အမိုက်စားဖျော်ဖြေခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြူဖြူကျော်သိန်းကတော့ “မနေ့ညဘားအံချစ်သူမြိုင်ရဲ့ခရစ္စမတ်ဂီတပွဲဒုတိယညမှာ ပန်းခြံကြီးတောင်ပေါက်ထွက်သွားမလားအောက်မေ့ရအောင်ဝက်ဝက်ကွဲကြိတ်ကြိတ်တိုးလာရောက်အားပေးကြတဲ့ချစ်ပရိသတ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်😍 သီချင်း ၈ ပုဒ်ဆက်တိုက်ကို version သစ်တွေနဲ့ rave နိုင်ဖို့ပံ့ပိုးပေးတဲ့ကွီးသော် DJ Thaw Thaw နဲ့တပည့် ကျော်မောင်စိုင်း၊ ဖြူဖြူဝတ်ချင်တဲ့ 2 in 1 ခရစ္စမတ် သစ်ပင်ဝတ်စုံကိုမန်းလေးကအချိန်မီပို့ပေးတဲ့ဒီဇိုင်နာ Henry Z၊ မော်လမြိုင်ကနေ ၂ ညလုံးတကူးတကလှလှ လာပြင်ပေးတဲ့မွီးလမင်း၊ မပင်မပန်းအနီးကပ်ဝန်းရံပေး ကြတဲ့ DW ကြီးများနဲ့ချစ်သူမြိုင်မိသားစုဝင်များအားလုံး ကိုလည်းကျေးဇူးအထူးပါရှင်😘” ဆိုပြီး သူမရဲ့အမိုက်စားပုံတွေနဲ့အတူ ပံ့ပိုးကူညီပေးသူတွေကိုလည်း ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

ခံစားချက်တွေအပြည့်ပါတဲ့ သီချင်းတွေကို အမိုက်စားသီဆိုနေတဲ့ ဖြူဖြူရဲ့ပုံရိပ်ကတော့ အရမ်းကို အသက်ဝင်လွန်းလှပါတယ်နော်။

ဖြူဖြူကျော်သိန်းကတော့ “စင်ပေါ်မှာသီချင်းကိုဝမ်းလျားမှောက်မဆိုရဘူးလို့ ဘယ်သူပြောလဲ? ဆိုသံမှန်နေသရွေ့ဖြူဖြူအတွက်တော့ no more rules ပဲ!” ဆိုပြီး ခပ်မိုက်မိုက်လေး ပြောထားပါသေးတယ်။

ဒီပုံလေးကတော့ မလှပေမယ့်လည်း စင်ပေါ်မှာဆို ရုပ်အလှကို ဂရုမစိုက်ပဲ ဖျော်ဖြေတတ်တဲ့ သူမကိုယ်သူမ ပုံဖော်ပေးနိုင်လို့ တင်ထားတာဖြစ်တယ်လို့ ရေးသားထားပါသေးတယ်။

ဖြူဖြူရဲ့Performance က ဘယ်လိုတောင် ကြမ်းနေ ဂေါ်နေလဲမေး…

မိုမိုလေးချစ်ပရိသတ်တွေလည်း ပရိသတ်တွေကို ခွန်အားရှိသမျှ အကောင်းဆုံးဖျော်ဖြေခဲ့တဲ့ ဖြူဖြူကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Phyu Phyu Kyaw Thein’s Facebook
Photo;Joke lay

Comments are closed.